
ရန်ကုန် နိုဝင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ ပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် (လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော် တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း ၌ ထားရှိသော ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော SINOVAC ဆေးများနှင့် ဆေးတစ်လုံး လျှင် လူငါးဦးထိုးနိုင်သော Sino-pharm ကာကွယ်ဆေးများကို နေပြည်တော် ကောင်စီနယ်မြေသို့ SINOVAC ဆေး ၃၁၅၅၂ လုံးနှင့် ဆေးထိုးအပ်များ၊ မော်လမြိုင် မြို့သို့ SINOVAC ဆေး ၂၈၀၃၉ လုံးနှင့် Sinopharm ဆေး ၂၀၀၀၀၊ ကရင်ပြည်နယ်သို့ SINOVAC ဆေး ၁၅၀၁၈ လုံးနှင့် Sino-pharm ဆေး ၁၀၀၀၀၊ ပဲခူးတိုင်း ဒေသကြီးသို့ SINOVAC ဆေး ၄၂၂၂၂ လုံးနှင့် Sinopharm ဆေး ၂၃၁၃၁ လုံးတို့ကို Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေး ခဲ့ရာ တာဝန်ရှိသူများက လက်ခံ ယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်