ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၁၃


တိုင်းစစ်ဌာနချုပ်      နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ   ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့်    ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ        ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ဂွတပ်နယ်ရှိ နယ်မြေခံတပ်ရင်း များတွင်   မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံနှင့် DYL ဝက်မွေးမြူရေးခြံတို့ကို   လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ကိုကိုဦးနှင့်   အဖွဲ့ဝင် များသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ   စံပြစပါး စိုက်ခင်းတွင်    “ခိုက်တိုဇမ်” ရွက်ဖျန်းအားဆေး  အသုံးပြု၍ စိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်း များကို လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍    တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့်  လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း     သတင်းရရှိ သည်။                    

သတင်းစဉ်