
မဘိမ်း နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ လျှော့ချနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ မြို့မဈေး အတွင်းရှိ ဈေးဆိုင်များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၂ ရက် က ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းသူဝင်း၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဝင်းမြတ် ကျော်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး ကော်မတီအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ပြီး ကာကွယ် ဆေးထိုးနှံခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျှော့ချနိုင်ပြီး ပြည်သူလူထုမှ ပူးပေါင်းပါဝင် ကူညီကြရန်နှင့် ကာကွယ်ဆေး မထိုးရသေးပါက ကာကွယ်ဆေးထိုးနှံပေးရာ စုရပ် တွင် ထိုးနှံကြရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)