မွန်ပြည်နယ်အတွင်း စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများအတွက် လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့မှ ​ထောက်ပံ့ပေးမည်

 

ချောင်းဆုံ   နိုဝင်ဘာ   ၁၃


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၂  ရက် မွန်းလွဲပိုင်းက   ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာအုပ်စု၌ ကျင်းပသည့် အရည် အသွေးကောင်း သီးနှံစပါးမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရန်နှင့် တောင်သူများကိုယ်တိုင်  မျိုးစေ့ထုတ်လုပ်နိုင် စေရန်အတွက်  မြို့နယ်ကိုယ်စားပြု  မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ပြီး ပေါ်ဆန်းရင်မျိုးစပါး ရိတ်သိမ်းမှုနှင့် စပါးထွက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 


ထို့နောက် စိုက်ပျိုး​ရေးဦးစီးဌာန တာဝန်ရှိသူက မွန်ပြည်နယ်အတွင်း    မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြမှုအပေါ်   ပြည်နယ် ဝန်ကြီးချုပ်က      စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများအတွက်   လိုအပ်သည်များ ကို    ပြည်နယ်အစိုးရအဖွဲ့မှ ​  ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို   အခြေခံသည့်  ကုန်ထုတ်လုပ်မှုများကို  ပြည်တွင်း ပြည်ပသို့  တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်စေလို ကြောင်း မှာကြားသည်။ 

 


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည်   မိုးစပါးစံကွက်ရိတ်သိမ်း​နေမှု  အ​ခြေအ​နေ၊ မိုးစပါးထွက်ရှိမှု​ပေါ် အစိုဓာတ်ပါဝင်မှု  ရာခိုင်နှုန်းအား  တိုင်းတာစစ်​ဆေးမှုကို​ ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူ များနှင့်တွေ့ဆုံကာ  စိုက်ပျိုး​ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်​စေ​ရေး အဓိကထား​ဆောင်ရွက်​ပေးကြရန် တိုက်တွန်းမှာကြားပြီး   လိုအပ်သည်များ  တင်ပြမှု အ​​ပေါ် ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးသည်။ 

 


မွန်ပြည်နယ်အ​နေဖြင့် မိုးစပါးကို ​ခြောက်သိန်း ရှစ်​သောင်းကျော် လျာထား စိုက်ပျိုးနိုင်​ရေး ​ဆောင် ရွက်လျက်ရှိရာ ယခုအ​ခါ မိုးစပါးကို  ရာခိုင်နှုန်းပြည့်မီ​  ကျော်လွန်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း၊   ​ချောင်းဆုံ မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၆၅၂၁၁ ဧက စိုက်ပျိုး ထားပြီး   မိုးစပါး  (RS-CS) မျိုးစေ့ထုတ် ပေါ်ဆန်းရင် မျိုးစပါး စိုက်ပျိုးဧကကို ၁၃၀ စိုက်ပျိုးခဲ့ကြောင်း၊ ဒုတိယသီးနှံအဖြစ် နွေစပါး၊ နေကြာ၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဘိုကိတ်၊ ပဲလွန်း စသည်တို့ကို    ယခုနှစ် အတွင်း စိုက်ပျိုးဧက  ၄၃၇၉ ဧက လျာထား​ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)