ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ (၁၁)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

 

နေပြည်တော် နိုဝင်ဘာ  ၁၃

 


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ (၁၁)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်   မင်္ဂလာအခမ်းအနားကို    ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး       ဦးစီးချုပ်ရုံး(ကြည်း)    အနော်ရထာခန်းမ၌    ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့်ဇနီး  ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန် လျာသင်္ကန်းနှင့်    လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 


အဆိုပါ  အခမ်းအနားသို့  ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့           ဩဝါဒါစရိယ ဆရာတော်၊   နေပြည်တော်   လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်  ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တဇနိန္ဒအမှူးပြု သည့်   ဩဝါဒါစရိယ  ဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့်သံဃာတော်  ၂၇  ပါး     ကြွရောက်ချီးမြှင့်တော်မူကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊   ဇနီး တို့နှင့်အတူ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်        ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်          ဇနီးဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဝင် များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဇနီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊  ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်နှင့် ဇနီး၊  ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး   စိုးထွဋ်နှင့်ဇနီး၊ အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊  တွဲဖက်အတွင်း ရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး နှင့်ဇနီး၊   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်     ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊  ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်            တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 


ဆက်ကပ်လှူဒါန်း


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊  ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်း       အသီးသီးသို့ လှူဒါန်းရန်  ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊  လှူဖွယ်ပစ္စည်းများ နှင့်   ပဒေသာပင်များအား     လှည့်လည် ကြည့်ရှုကြသည်။  ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ             ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီးချုပ်နှင့် ဇနီးတို့သည်     အနော်ရထာခန်းမအတွင်း ရှိ     ဗုဒ္ဓရုပ်ပွားတော်မြတ်အား   ဖူးမြော် ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊  ဆီမီး၊   သစ်သီး တို့ကို ဆက်ကပ်လှူဒါန်းသည်။

 


ယင်းနောက် အစီအစဉ်အရ မဟာဘုံ ကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကို နမောတဿ သုံးကြိမ်ရွတ်ဆို  ဘုရား ကန်တော့ဖွင့်လှစ်ပြီး   ပေါက်မြိုင်ဆရာ တော်ကြီးထံမှ  ကိုးပါးသီလ  ခံယူဆောက် တည်ကြသည်။

 


ထို့နောက်            ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို    နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က  ကန်ဦးဆရာတော်ထံ   ကထိန် လျာသင်္ကန်းကိုလည်းကောင်း၊ ပေါက်မြိုင် ဆရာတော်ကြီးထံ   ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို         လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ၊    ဒုတိယ တပ်မတော်    ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး တို့က မင်္ဂလာဇေယျုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီး ထံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကို   ဆက်ကပ်လှူဒါန်းပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဗိုလ်ချုပ် ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်  ဇနီး၊    ဒုတိယ ဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊    ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ အတွင်းရေး မှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်ဇနီး၊  တွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးနှင့်   အခမ်း အနား တက်ရောက်လာကြသူများက            ဆရာတော်၊  သံဃာတော်များထံ ကထိန် သင်္ကန်းနှင့်     လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်လှူဒါန်းသည်။ 

 


နေ့ဆွမ်းဆက်ကပ်လှူဒါန်း


ထို့နောက်    ရေဆင်းကန်ဦးကျောင်း တိုက်မှ ဂန္ထဝါစက စာချဆရာတော်များ ဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝန တို့က      ကထိန်အမေးအဖြေများကို  ဆောင်ရွက်တော်မူကြသည်။

 


ယင်းနောက်  ပါဠိဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြ ကာ   ဆရာတော်သံဃာတော် အရှင်သူ မြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။      

 

         
 ယနေ့ကျင်းပပြုလုပ်သော ကာကွယ် ရေးဦးစီးချုပ်ရုံး  (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ (၁၁)ကြိမ်မြောက် မိသားစု မဟာဘုံကထိန်    အလှူတော်မင်္ဂလာ အခမ်းအနားတွင်   ရုံး၊  ဌာန အသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၄ ပင်၊  တန်ဖိုး ငွေကျပ် ၁၄၄၉ သိန်းကျော်  ပါဝင်လှူဒါန်း ခဲ့ကြပြီး   သက်ဆိုင်ရာ   ဘုန်းတော်ကြီး ကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့်            ဆက်လက် ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်