ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များတွင် မီးလောင်မှုဖြစ်ပွားခဲ့သော စက်ရုံများ၏ မြေပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

ရန်ကုန်   နိုဝင်ဘာ   ၁၂


ရင်းနှီးမြှုပ်နှံမှုနှင့်      နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးသန်းအောင် ကျော်သည် ယနေ့ မွန်းလွဲ ၁ နာရီ က  ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် များတွင် မတ်လအတွင်း မီးလောင် ဆုံးရှုံးခဲ့သော စက်ရုံများလုပ်ငန်း ပြန်လည်         လည်ပတ်နိုင်ရေး ရည်ရွယ်၍   အဆိုပါစက်ရုံများမှ မြေပိုင်ရှင်များနှင့်   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 


အစည်းအဝေးတွင် ရွှေပြည် သာ၊ လှိုင်သာယာမြို့နယ်များတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံ များ၏ မြေပိုင်ရှင်များ၊ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ   အသင်းချုပ်မှ   တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများက မီးလောင် စက်ရုံများ   အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးကိစ္စ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကိစ္စ၊   နိုင်ငံခြား သား   ပညာရှင်များ  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်   အညီ အချိန်တိုအတွင်း လာရောက်နိုင် ရေးကိစ္စ၊ အတိုးနှုန်းသက်သာစွာ ဖြင့် ချေးငွေရရှိရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြသည်။

 


ဆွေးနွေးချက်များနှင့် စပ်လျဉ်း ၍  ဒုတိယဝန်ကြီးက  မီးလောင် စက်ရုံများ   အမြန်ဆုံးပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက် ခြင်းဖြင့် နိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး နှင့်   အလုပ်အကိုင်အခွင့်အလမ်း များ    ပေါ်ပေါက်လာမည်ဖြစ်၍ ယခုကဲ့သို့ အလေးထားလာရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေနှင့်အညီ အခွန်ကင်းလွတ် သက်သာခွင့်များ၊    မီးအာမခံ လျော်ကြေးရရှိရေး၊      မီးလောင် ခဲ့သည့်     မော်တော်ယာဉ်များ အစားထိုးတင်သွင်း မှတ်ပုံတင်ခွင့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသားများ    ပိုင်ဆိုင်သည့် မီးလောင်ခံရသည့်    စက်ရုံများ အမြန်ဆုံးပြန်လည် တည်ဆောက် လည်ပတ်နိုင်ရေးအတွက် နိုင်ငံ တော်က   ဥပဒေနှင့်အညီ  ကူညီ ဆောင်ရွက်ပေးနိုင်သမျှ အားလုံး ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို  ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နှင့် သက်ဆိုင်ရာ စက်မှုဇုန်   စီမံခန့်ခွဲမှုကော်မတီ တို့နှင့်     အသေးစိတ်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။      

သတင်းစဉ်