
ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေး ဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နှင့် ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက်ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ညီညွတ်ရမှာလား။
ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော် လိုချင်တဲ့ ညီညွတ်ရေးက တစ်တိုင်းတစ်ပြည်လုံး၊ လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့ အကျိုး၊ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့ အလုပ် ဒါတွေကိုရအောင်၊ အဲဒီလိုတူညီတဲ့အကျိုး တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ၂၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးသို့ ရှင်းလင်းတင်သွင်းခဲ့သည့် ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်)