
ညီညွတ်ရေးဆိုတာ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ် ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ် ရေးမျိုးဖြစ်ရမယ်။
ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာ လည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ၂၃-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ်ညီလာခံသဘင်ကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)