ညောင်ဦးမြို့ ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေနေသည့် ယိမ်းအဖွဲ့များအား ပြည်ပနိုင်ငံသားများ စိတ်ဝင်တစားကြည့်ရှု

 

ညောင်ဦး   ဧပြီ   ၁၄
မန္တလေးတိုင်းဒေသကြီး  ညောင်ဦး မြို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗဟိုမဏ္ဍပ်၌   ကပြဖျော်ဖြေနေ သည့်  သင်္ကြန်ယိမ်းအဖွဲ့များကို ဒေသခံများသာမက      ပြည်ပ  ဧည့်သည်များပါ       ကြည့်ရှု၍ စိတ်ဝင် စားမှုမြင့်တက်နေကြောင်း သိရသည်။
ညောင်ဦးမြို့နယ်   မြန်မာ့ ရိုးရာယဉ်ကျေးမှု   မဟာသင်္ကြန် ပွဲတော်ကို  ရွှေစည်းခုံဘုရားအနီး ရှမ်းကုန်းရပ်  ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ဆောက် ပြီး   ယိမ်းအဖွဲ့များဖြင့်   ကပြ ဖျော်ဖြေလျက်ရှိရာ သင်္ကြန်အကြို နေ့ ဖွင့်ပွဲနေ့နှင့် သင်္ကြန်အကျနေ့ တို့တွင်     ပြည်ပနိုင်ငံသားများ စိတ်ဝင်တစားကြည့်ရှု၍ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းဗီဒီ ယိုရိုက်ကူးခြင်းနှင့်ယိမ်းအဖွဲ့များနှင့်       လိုက်လံကကြခြင်းများ ဖြင့်   စိတ်ဝင်စားနေကြကြောင်း၊ ညောင်ဦးမြို့     ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့ ၁၄ ဖွဲ့ ၊ တစ်ပင်တိုင်အက များ၊  ပုဂံမူလတန်းကြိုကျောင်း ကလေးယိမ်းအဖွဲ့တို့ဖြင့် နေ့စဉ် ကပြဖျော်ဖြေလျက်   ရှိကြောင်း မြို့နယ်စီမံ    အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ        ဦးနန်းတင့်က ပြောကြား၍  သိရသည်။
        ဒီပါလင်း