
ညောင်ရွှေ ဇန်နဝါရီ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသည် နိုင်ငံ သားများဖြစ်ကြသည့် တိုင်းရင်း သားများနှင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင် မောင်ဇော်နှင့် ဝန်ထမ်းများသည် ယမန်နေ့က တောင်တိုကျေးရွာ အုပ်စု၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆောင်ရွက်မှုတွင် တောင်တို ကျေးရွာအုပ်စုအတွင်းရှိ ပိန္နဲကုန်း ကျေးရွာ၊ လွယ်တော်ကျေးရွာနှင့် တောင်တိုကျေးရွာများမှ ပြည်သူ များအား အိမ်ထောင်စုလူဦး ရေစာရင်း ၁၀၂ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၃၀၆ ခု ဆောင်ရွက်ပေးခဲ့ကြောင်း နှင့်အခြား ကျေးရွာအုပ်စုများသို့ လည်း စီမံကိန်းကာလအတွင်း ဆက်လက်၍ ကွင်းဆင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ