ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး လူထုအသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

 

ညောင်ရွှေ   ဇန်နဝါရီ   ၈


ဒေသတွင်း   ကိုဗစ်-၁၉  ရောဂါ ကူးစက်ဖြစ်ပွားမှု       ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ပါးစပ်နှင့်         နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရေး လူထုအသိပညာပေး     လှုပ်ရှား ဆောင်ရွက်မှုကို ဇန်နဝါရီ  ၈ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့    စည်ပင်သာယာရေး ဌာန       ကြီးကြပ်မှုအောက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်း ဖွင့်လှစ်ထားသည့် ယာယီ ဈေး၌   ပြုလုပ်ခဲ့ကြောင်း   သိရ သည်။

 


အဆိုပါ လူထုအသိပညာပေး လှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ       ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊    ဌာနဆိုင်ရာများ၊ လူမှုရေး       အသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်းမာ ရေးဌာနမှ   ကိုဗစ်-၁၉  ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်နှင့်   ဒယ်လ်တာ ဗိုင်းရပ်စ်ပိုး      ကူးစက်ဖြစ်ပွားမှု သတိပြု  ကြိုတင်ကာကွယ်ရေး အသိပညာပေး       လက်ကမ်း စာစောင်များ၊    မြို့နယ်စည်ပင် သာယာရေးဌာနမှ     ပါးစပ်နှင့် နှာခေါင်းစည်းများ  အခမဲ့ဖြန့်ဝေ ပေးခဲ့ကြပြီး   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှု     တာဆီးကားကွယ်ရေး အတွက်     လိုက်နာဆောင်ရွက် ရမည့်    နည်းလမ်းကို   မြန်မာ ဘာသာ၊   ပအိုဝ်းဘာသာ၊   ရှမ်း ဘာသာများဖြင့်    အသိပညာပေး နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ ကြောင်း  သိရသည်။  

နေမျိုးသူရိန်