ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး ညောင် နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူး ဇုန် ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တောစည်ပင် သာယာ ရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျားဈေးကား စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသား မျိုးစုံနှင့် ငါး/ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ အလွယ် တကူ ဝယ်ယူနိုင်ရန် ရောင်းချပေး နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၈ နာရီတွင် မှော်ဘီမြို့နယ် ပြည်လမ်းမှ ညောင်နှစ်ပင်အဝင် ဆတ်သွား တောလမ်းဆုံသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ လမ်းဆုံတြိဂံကျွန်း မြေညှိပြုပြင်၍ Interlock ခင်းကျင်းပြီးစီးမှု၊ ညောင်နှစ်ပင် လမ်း ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနေမှုတို့ကို လည်း ကောင်း(အောက်ပုံ)၊ ညောင်နှစ်ပင် လမ်းတစ်လျှောက် မြက်ပင် ချုံနွယ်များ ရှင်းလင်းနေမှု၊ သစ်ပင်များ ခုတ်ထွင်နေမှု၊ လမ်း ဝဲ/ယာ လမ်းပခုံးသားများ ရှင်းလင်းနေမှုနှင့် ရေမြောင်း များအတွင်း အမှိုက်များ ဆယ်ယူ ရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ အထူးဇုန်(၁) ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်မည့် မြေနေရာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ လက်ကား ဈေး အဆောက်အအုံများနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာ များကို မြေညှိပြုပြင်နေမှု၊ စိုက်ခင်း များ ပြုလုပ်နေမှုနှင့် မြေညှိပြုပြင် ရာမှ ထွက်ရှိလာသော မြက်ပင် ချုံနွယ်များနှင့် ရေမြောင်းဆယ် ယူရာမှ ရရှိသည့် ဗေဒါများကို အီးအမ်ဘိုကာရှီသဘာဝမြေဩဇာ ပြုလုပ်ရန် ဆောင်ရွက်ထားရှိမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနမှ ညောင်နှစ်ပင်ရွာ အဝင်လမ်းနှင့် M 4 လမ်းဝဲ/ယာ အုပ်မိုးကိုင်းများ ရှင်းလင်းနေမှု တို့ကို လည်းကောင်း၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူးရေး အထူးဇုန်၊ ဇုန် (၂) အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနနှင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနတို့ ပူးပေါင်း ၍ M 5 လမ်းတစ်လျှောက် အုပ်မိုး ကိုင်းများ ရှင်းလင်းနေမှု၊ မြက်ပင် ချုံနွယ်များ ရှင်းလင်းနေမှု၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှ M 5 လမ်းနှင့် C 14 လမ်းဆုံရှိ အထူးဇုန်(၂) စီမံခန့်ခွဲ ရေးကော်မတီရုံး အဆောက်အအုံ နှင့် မျှော်စင်ပြုပြင်နေမှု၊ ရုံးအဝင် မြောင်းကူးတံတားအသစ် တည် ဆောက်ပြီးစီးမှု၊ သန့်စင်ခန်းများ ပြုပြင်နေမှု၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ အဆောက် အအုံသစ်လွင်စေရေး ဆေးသုတ် ထားရှိမှုတို့ကို လည်းကောင်း၊ C 12 လမ်းနှင့် ခရိုင်ချင်းဆက် လမ်းတစ်လျှောက် အုပ်မိုးကိုင်း များ၊ မြက်ပင်ချုံနွယ်များ ရှင်းလင်း နေမှု၊ C 12 လမ်းနှင့် ခရိုင်ချင်းဆက် လမ်းအနီး ကျွဲကောခြံစိုက်ပျိုးထား ရှိမှုတို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လမ်းတစ်လျှောက် စိုက်ပျိုးရေးခြံများအတွင်း စိုက် ကွက်ပေါင်များ ပေါ်လွင်စေရေး ရှင်းလင်းရန်နှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင် ရွက်ရန်မှာကြားပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး ကြောင်း သိရသည်။
သတင်းစဉ်



