
ညောင်လေးပင် ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် မြို့မစျေးကြီး၌ မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်
လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၁၈ ရက်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့် အဖွဲ့ဝင်များ၊
မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းယု၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ
ဒေါ်ခင်အေးဝင်းနှင့် ဌာနဆိုင်ရာများ၊စျေးအကျိုးတော်ဆောင်များ၊ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကျော်နိုင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ စည်ပင်ဝန်ထမ်းများက မြို့မ ဈေးကြီးအတွင်းရှိ စျေးရောင်းသူများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများပူးပေါင်းကာ အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်နည်း၊ ဂက်စ်အသုံးပြုသူများ အနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ် ဆေးဘူးမရရှိနိုင်သည့်အခါ ရေစိုအဝတ် ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍
မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသခြင်း၊ စျေးသူစျေးသားများ ကိုယ်တိုင်ပါဝင်ပြီးလက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်၊မီးငြှိမ်း သတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ် ခြင်းကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)