နန်ဖာဒင်ကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည်   ၂၀၁၈  ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို   ကျင့်သုံးလျက်   စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၂၂,၀၀၆)ဧက ရှိသောနယ်မြေကို “နန်ဖာဒင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ တပေါင်း လပြည့်ကျော် (၉) ရက် (၂၀၂၃ ခုနှစ်၊ မတ်လ  ၁၄  ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

 


နန်ဖာဒင်ကြိုးပြင်ကာကွယ်တော     ဧရိယာ အနီးအနားရှိ   ဒေသခံပြည်သူများ၏   စိုက်ပျိုးမြေ များအတွက်    ရေဝေရေလဲဒေသအား  ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ၏            လိုအပ်ချက်များကို  ဖြည့်ဆည်းရန်နှင့်       သဘာဝတောရိုင်းတိရစ္ဆာန် များအား     ကာကွယ်စောင့်ရှောက်ရန်    ရည်ရွယ်၍  ကြိုးပြင်ကာကွယ်တောအဖြစ်  သတ်မှတ်ခြင်းဖြစ်ပါ သည်။

 


နန်ဖာဒင်ကြိုးပြင်ကာကွယ်တော    ဧရိယာ အတွင်း ကျွန်း၊ သစ်ရာ၊ အင်ကြင်း စသည့် အဖိုးတန် သစ်မျိုးများနှင့်   ကညင်၊   သပြေ၊  လောက်ယား၊ သစ်စေး   စသည့်သစ်မျိုးများ၊   တင်းဝါး၊  ဝါးနက်၊ ဝါးပိုးမျက်ဆန်ကျယ် စသည့်ဝါးမျိုးများ ပေါက်ရောက် နေပြီး  ဝက်ဝံ၊  ဆတ်၊ ပြောင်၊ ဂျီ၊ တောဝက် စသည့် တိရစ္ဆာန်များ၊ မျောက်မျက်ကွင်းဖြူ၊ မျောက်လွှဲကျော် စသည့်မျောက်အမျိုးမျိုး၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ စသည့်မြွေအမျိုးမျိုး၊ သိမ်း၊ စွန်၊ ဒေါင်းမင်း စသည့် ငှက်မျိုးများ   ကျက်စားရာ ဒေသဖြစ်သည့်အပြင်  ဥရုမြစ်အတွင်းစီးဝင်သော      နန့်ကဒင်ချောင်း၊ နန်ဖာဒင်ချောင်း၊    နန်ယုတ်ချောင်းများ၏  ရေဝေ ရေလဲဧရိယာအား    ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း  စသည့်   အကျိုးကျေးဇူးများ    ရရှိနိုင်မည်ဖြစ်ပါ သည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန