
နမ္မတူ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေ ဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီမှ စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် နိုဝင်ဘာ ၁၃ ရက်၊ ၁၇ရက်၊ ၁၉ရက်နှင့် ၂၀ရက်တို့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့် တိုင်းရင်းသား ပြည်သူများအား ယခုဒုတိယအကြိမ်အဖြစ် ကာကွယ် ဆေးထိုးနေရာ နှစ်နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်း မင်းထွန်းက ကြီးကြပ်လျက် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေး ထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူ များအား ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေးသည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ညနေပိုင်းအထိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၅၃၉ဦး၊ ကျောင်းသား ကျောင်းသူ ၉၀၂ ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံ ပြည်သူ ၇၅၁၆ဦးနှင့် ကျောင်းသား ကျောင်း သူ ၂၀၀ စုစုပေါင်းကာကွယ် ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား ကျောင်းသူ ၁၄၁၅၇ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လူမော်
(ပြန်/ဆက်)