
နမ္မတူ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် နမ္မတူမြို့နယ် မြို့မဈေးကြီးကို ဇူလိုင် ၁၁ ရက်မှ စတင်ကာ ဇူလိုင် ၁၇ ရက်အထိ တစ်ပတ်ကြာ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်း ချုပ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသ ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ရေးအတွက် မြို့မဈေး အကျိုးတော် ဆောင်အဖွဲ့၏ ဇူလိုင် ၈ ရက် အစည်းအဝေးမှ ဆုံးဖြတ်ချက်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဇူလိုင် ၉ ရက် အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ မြို့မဈေးကို တစ်ပတ်ကြာ ယာယီပိတ်ထား ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဈေးအတွင်းသာ မက ဈေးအနီးရှိ ဈေးပတ်လမ်း၏ လက်ဝဲ လက်ယာတစ်လျှောက်နှင့် ဈေးအနီးရှိ ကိုယ် ပိုင်နေအိမ်များတွင် ဖွင့်လှစ်ထားသောဆိုင် များ၊ အိမ်များ၏ မျက်နှာစာရှေ့မှ ဆိုင်ခန်း များ၊ ပျံကျဈေးဆိုင်များ ဖွင့်လှစ်ခြင်း၊ ယာဉ် တစ်မျိုးမျိုး အသုံးပြု၍ ရွေ့လျားစနစ်ဖြင့် ရောင်းချခြင်းများကိုလည်း လုံးဝ ခွင့်မပြု ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီး ဌာနမှ သိရသည်။
နမ္မတူမြို့မဈေးကို တစ်ပတ်ကြာ ယာယီ ပိတ်ထားသည့် အချိန်အတွင်း နမ္မတူမြို့ နယ် ပန်ဟိုက်ရပ်ကွက်(၆) ဘောလုံးကွင်းရှိ ယာယီပျံကျဈေးကိုမူ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန် ၁၆ ရက်မှ ယခု အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၂၁ ဦးရှိပြီး ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ငါးဦး၊ သေဆုံးသူ နှစ်ဦးနှင့် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိသူ ၁၄ ဦးရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ လူမော်(ပြန်/ဆက်)