
နေပြည်တော် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ်းခမ်းမြို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင် အပ်နှင်းခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က လက်နက်များ တပ်ဆင်ပေးရသည့် ရည်ရွယ်ချက်၊ ရိက္ခာများ ထောက်ပံ့ပေးအပ်မည့် အစီအမံများ၊ လိုက်နာကျင့်သုံး ရမည့် ကျင့်ဝတ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ အပ်နှင်းပေးပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိ သူများက လက်ခံရယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်