နိုဝင်ဘာလတွင် ဆောင်းခိုငှက်နှင့် ဌာနေငှက်မျိုးစိတ် ၁၀၆ မျိုးမှ ကောင်ရေ ၁၀၃၅၉ ကျော် အင်းလေးကန်သို့ ဝင်ရောက်ကျက်စား

ရန်ကုန်  ဒီဇင်ဘာ  ၂၁


မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသ ဖြစ်သော   ပြည်တွင်း၊ ပြည်ပ ခရီးသွားများ   စိတ်ဝင်စားရာ အင်းလေးကန်   ဘေးမဲ့တောသို့ နိုဝင်ဘာလတွင်  ဆောင်းခိုငှက် နှင့် ဌာနေမျိုးစိတ် ၁၀၆ မျိုးမှ ကောင်ရေ   ၁၀၃၅၉   ကောင် ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလတွင် လည်း   ဆက်လက်ဝင်ရောက် ကျက်စားလျက်ရှိသည်။


ယခုနှစ်   ဆောင်းရာသီတွင် အင်းလေးကန်     ဘေးမဲ့တော နယ်မြေသို့  ဆောင်းခိုငှက်များ နိုဝင်ဘာလမှစ၍     ဝင်ရောက် ခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဆောင်းခိုငှက်   ရေပျော်မျိုးစိတ် ပေါင်း ၃၀ မှ ကောင်ရေ ၂၉၈၅ ကောင်၊ ဒေသမျိုးရင်းငှက်မျိုးစိတ် ၈၂ မျိုးမှ ကောင်ရေ ၂၀၉၄ ကောင်၊ ၂၀၂၀ ပြည့်နှစ်   နိုဝင်ဘာလတွင် ဆောင်းခိုငှက် မျိုးစိတ် ၃၁ မျိုးမှ ကောင်‌ရေ ၅၉၆၁ ကောင်၊ ဒေသ မျိုးရင်းငှက်မျိုးစိတ်  ၅၈  မျိုးမှ ကောင်ရေ ၄၅၄၇ ‌ကောင်၊ ၂၀၂၁ ခုနှစ်   နိုဝင်ဘာလတွင်   ဆောင်းခို ငှက်မျိုးစိတ် ၄၅ မျိုးမှ ကောင်ရေ  ၅၂၄၈ ကောင်၊ ဒေသမျိုးရင်းငှက် မျိုးစိတ် ၆၁ မျိုးမှ  ကောင်ရေ ၅၁၁၁ ကောင် အသီးသီးဆောင်းခို ခဲ့သည်။ ရေပျော်ငှက်မဟုတ်သော  အခြား ဆောင်းခိုငှက်များအနေ ဖြင့် ၂၀၁၉ ခုနှစ်  နိုဝင်ဘာလတွင် ငှက်မျိုးစိတ် ၂၇ မျိုးမှ ကောင်ရေ ၁၀၆၁ ကောင်၊ ၂၀၂၀ ပြည့်နှစ်တွင် ငှက်မျိုးစိတ် ၂၁ မျိုးမှ ကောင်ရေ ၂၈၇၅ ကောင်နှင့် ၂၀၂၁ ခုနှစ်တွင် ငှက်မျိုးစိတ် ၂၅ မျိုးမှ ကောင်ရေ ၁၈၈၄  ကောင်ဖြင့်   ဝင်‌ရောက် ကျက်စားခဲ့သည်။


အင်းလေးကန်     ဘေးမဲ့တော သို့    ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ဆောင်းခိုငှက်များ    ဒီဇင်ဘာလ အတွင်း   ဆက်လက်ဝင်ရောက် ကျက်စားလျက်ရှိပြီး   ခရုတုတ် နှင့်   ခရုစုတ်ငှက်များ    ကောင်ရေ   ၃၀၀၀   ကျော်ခန့် ယခင်နှစ်ထက်     ပိုမိုဆောင်းခိုလျက်    ရှိသည်။    အင်းလေးကန်       ဧရိယာတွင် တောရိုင်းတိရစ္ဆာန် နေရင်းဒေသ         ပြန်လည်     တည်ထောင်ခြင်း    စီမံကိန်းကို    ၂၀၁၉-၂၀၂၀ မှ      ၂၀၂၇-၂၀၂၈ ခုနှစ်ထိ   ၁၀ နှစ် စီမံကိန်းအဖြစ်  လည်းကောင်း၊  အင်းလေးကန် ရေဝေရေလဲဒေသ စီမံကိန်းပထမ  ၁၀  နှစ်အား ၂၀၂၀-၂၀၂၁ ခုနှစ်တွင်      စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်း  လျာထားချက်များ     ဖြစ်သည့် မျိုးစိတ်ထိန်းသိမ်းခြင်းလုပ်ငန်း၊        တရားမဝင်   ခြိမ်းခြောက်မှုများ   ကာကွယ်တားဆီးခြင်း၊ အင်းလေး ကန်အတွင်း    ရေပြင်ဧရိယာ လျော့မှုမဖြစ်စေရန်   ထိန်းသိမ်း ခြင်း၊ ကန်ရေပြင် သန့်ရှင်းသာယာ လှပရေး    ဆည်မြောင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငါးနှင့် ငှက်မျိုးစိတ်များ    စားကျက် ကာကွယ်ခြင်းနှင့်   သားပေါက် နယ်မြေ ကာကွယ်တည်ထောင် ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။


အင်းလေးကန် ဇီဝမျိုးစုံမျိုးကွဲ များနှင့် ရေဝပ်‌‌ဒေသဂေဟစနစ် အား ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၁၉၈၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် အင်းလေး ကန်   တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအဖြစ် ဖွဲ့စည်းတည်ထောင် ခဲ့သည်။ အင်းလေးကန် ဘေးမဲ့ တောသည် နိုင်ငံတကာဇီဝမျိုးစုံ မျိုးကွဲများ   ထိန်းသိမ်းရေးတွင် အရေးကြီးသောကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ် (ASEAN Heritage Park)အဖြစ် သတ်မှတ်ခဲ့ပြီး အင်းလေး ကန် ဘေးမဲ့တောနယ်မြေအတွင်း လူသားနှင့်    ဇီဝမျိုးစုံမျိုးကွဲများ  ဟန်ချက်ညီညီ     အတူယှဉ်တွဲ နေထိုင်    ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက်၂၀၁၅ ခုနှစ် ဇွန် ၉ ရက်တွင် အင်းလေးကန် ဒေသအား      ဇီဝအဝန်းနယ်မြေ (Inlay Lake Biosphere Reserve) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။  အင်းလေးကန်သည်    ဘူမိရူပ ထူးခြားသော   အမြင့်ပိုင်းတွင် တည်ရှိသောကြောင့် အင်းလေး ကန် ရေဝပ်ဒေသအား ၂၀၁၈ ခုနှစ်  ဩဂုတ် ၁၀ ရက်တွင် အင်းလေး ကန် (Inlay lake Ramsar Site) အဖြစ်  သတ်မှတ်တည်ထောင်ခဲ့ ပြီး  ရာသီအလိုက်  ရွှေ့ပြောင်း ကျက်စားလေ့ရှိသော   မြောက် ဝင်ရိုးစွန်းမှ   ဆောင်းခိုငှက်များ ကျက်စားသားပေါက်ရာ   ဒေသ ဖြစ်သောကြောင့်  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင်    အရှေ့ အာရှငှက်များ          ပျံသန်းရာ လမ်းကြောင်း     (East Asian Australian Flyway Net Work Site) အဖြစ် သတ်မှတ်ထားသော ဒေသဖြစ်သည်။


အင်းလေးကန်         တောရိုင်း တိရစ္ဆာန်     ဘေးမဲ့တောအဖြစ် ဖွဲ့စည်းစဉ်က     ဧက  ၁၅၈၇၂၀ ကျယ်ဝန်းပြီး       လက်ရှိတွင် ၁၃၁၈၈၄ ဧကခန့်   ကျယ်ဝန်း သည်။ ယခုနှစ် ဆောင်းခိုငှက်များ အင်းလေးကန်        ဧရိယာသို့ နိုဝင်ဘာလတွင် ဦးစွာဝင်ရောက် ခဲ့ပြီး ရေပျော်ဆောင်းခိုငှက်နှင့် ဌာနေငှက်မျိုးစိတ်ပေါင်း    ၁၀၆ မျိုးမှ ကောင်ရေ ၁၀၃၅၉ ကောင် ဝင်ရောက်ကျက်စားလျက်ရှိကာ ဒီဇင်ဘာလတွင်လည်း ဆက်လက် ဝင်ရောက်လျက်ရှိကြောင်း သိရ သည်။    


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး