နို့ထိုခေး - ကွီးပညာ ရွာချင်းဆက်လမ်းကို ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

 

ပိုင်ကျုံ   ဇန်နဝါရီ   ၈


ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်  တိုင်းရင်းသားလူမျိုးများ   ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝသွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ   နို့ထိုခေး - ကွီးပညာ ရွာချင်းဆက်လမ်းကို  ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


အဆိုပါလမ်းသည်  ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက် ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး အရှည် ၁ မိုင်  ၄ဖာလုံရှိ မြေသားလမ်း ကတ္တရာလမ်းခင်းခြင်းကို  ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုး ရေးခွင့်ပြုရန်ပုံငွေကျပ် ၃၈၆ ဒသမ ၉၈၆ သန်းဖြင့် အကောင်အထည်‌ ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကြီးကြပ် မှုဖြင့် ဇွဲကပင်မေမေကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ကြောင်း     သိရ သည်။

 


အဆိုပါ ကတ္တရာလမ်း‌‌ခင်းခြင်းလုပ်ငန်းများပြီးစီးမှု‌ကြောင့် ပိုင်ကျုံ မြို့အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့်  လမ်းပန်းဆက်သွယ်‌ရေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။                                


ပိုင်ကျုံ (ပြန်/ဆက်)