နို့နှင့်နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးခြင်းများ ဆောင်ရွက်

 

ပဲခူး ဩဂုတ် ၃၀


နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်မှာကြားချက်များ အား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့    ဥက္ကဋ္ဌများသို့   ထပ်ဆင့် ရှင်းလင်းခြင်း   အခမ်းအနားကို ဩဂုတ်  ၂၉ ရက်   နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ      အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်  ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်      ဦးမျိုး ဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များကို   ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး  မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးပြီးမိုးစပါးများ      ပျက်စီး ခဲ့ပါက ပြန်လည်အစားထိုးစိုက်ပျိုး နိုင်ရေး အရန်ပျိုးပင်များ  စိုက်ပျိုး ထားရန်လိုအပ်ကြောင်း၊  ဆီထွက် သီးနှံ          နေကြာစိုက်ပျိုးနိုင်ရေး လိုအပ်သော     မျိုးနေကြာများ ကြိုတင်ဝယ်ယူနိုင်ရေး  စီစဉ်သွား ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍  နို့စားနွားမွေးမြူခြင်း အပြင်   နို့နှင့်နို့ထွက်  ပစ္စည်းများ အား  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး   နည်း ပညာပေးခြင်းများ   ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် မှ  ရသင့်ရထိုက်သည့်  အခွန်အခ များ အပြေအကျေ ကောက်ခံရရှိ ရေး ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊    ပညာရေးနှင့် ပတ်သက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်   မြင့်မားရေး  Work-shop  များ  ဆောင်ရွက်ပေးရန်လို ကြောင်း၊  လိုင်စင်မဲ့မော်တော်ယာဉ် နှင့်        မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး  ထိရောက်စွာ ဆောင်ရွက်ကြရန်၊      လုံခြုံရေး စစ်ဆေးရေးစခန်းများတွင်  ပေး အပ်ထားသည့် တာဝန်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက် ရန်၊ ဌာနဆိုင်ရာရုံးများ လုံခြုံရေး ထားရှိရန်နှင့်              ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး  သတိဖြင့်  ဆောင်ရွက် ကြရန် မှာကြားသည်။

 


ထို့နောက် ခရိုင်/မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ လူမှုရေးနှင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို    ရှင်းလင်း တင်ပြကြရာ              တိုင်းဒေသကြီး အဆင့်           ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်းကြသည်။

 


ယင်းနောက် ရှင်းလင်းတင်ပြ ချက်များနှင့်  စပ်လျဉ်း၍  တိုင်း ဒေသကြီးအစိုးရအဖွဲ့  တာဝန်ရှိသူ များက အကြံပြုဆွေးနွေးကြရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က လိုအပ်သည်များ        ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်