နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများ ၂၀၂၃ - ၂၀၂၄ လေ့ကျင့်ရေးနှစ်မှစ၍ အရာထမ်းအခြေခံသင်တန်းအား ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်ထားရှိ

 

နေပြည်တော်   အောက်တိုဘာ   ၅


ပြည်ထောင်စုရာထူးဝန်အဖွဲ့ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ တက္ကသိုလ်အကြံပေးအဖွဲ့နှင့် တက္ကသိုလ်ပညာရပ်အဖွဲ့များ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပသည်။

 


ညှိနှိုင်းအစည်းအဝေးတွင်             ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ၂၀၁၇ ခုနှစ်မှစပြီး    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အကြံပေးအဖွဲ့နှင့်   တက္ကသိုလ်ပညာရပ်အဖွဲ့တို့ကို ဖွဲ့စည်းကာ တက္ကသိုလ်များ၏   လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို သုံးသပ်ခြင်း၊ အကြံပြုခြင်း၊ သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်း၊ ပုံနှိပ်စာအုပ်များ ပြဋ္ဌာန်းခြင်းတို့ကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သော် လည်း မူလတက္ကသိုလ်အကြံပေးအဖွဲ့ဝင်မှ အဖွဲ့ဝင် အချို့သည်           အသက်အရွယ်    အိုမင်းလာခြင်း၊ ကျန်းမာရေးမကောင်းခြင်းတို့ကြောင့် ယခု တက္ကသိုလ် အကြံပေးအဖွဲ့ကို  ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ဆရာ၊ ဆရာမများ၊ ပြင်ပ ပညာရှင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန် ရှိသူများနှင့်  ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။

 


ယနေ့အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် များ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၊ ရည်ရွယ် ချက်များနှင့် ပို့ချလျက်ရှိသည့် ဘာသာရပ်များအပေါ် Review and Revise ဆောင်ရွက်ထားရှိမှု၊ ၂၀၂၃-၂၀၂၄  လေ့ကျင့်ရေးနှစ်မှစ၍   အရာထမ်းအခြေခံ သင်တန်းအား ဒီပလိုမာဘွဲ့  ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လက်ရှိအရည်အချင်း အကဲဖြတ် ဆောင်ရွက်မှုအခြေအနေနှင့်  ပြန်လည်ပြင်ဆင်ရန် လိုအပ်သည့် အကဲဖြတ်ပုံစံများအပေါ်   အစည်းအဝေး တက်ရောက်လာကြသည့်       တက္ကသိုလ်အကြံပေး အဖွဲ့နှင့်    တက္ကသိုလ်ပညာရပ်အဖွဲ့  အဖွဲ့ဝင်များက သက်ဆိုင်ရာ  ဘာသာရပ်အလိုက် အကြံပြုပေးကြရန် ဖြစ်ကြောင်း၊  ပို့ချလျက်ရှိသော ဘာသာရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေသဖြင့်   မည်သည့် ဘာသာရပ်အတွက်ဖြစ်စေ  ဆရာကြီး/ဆရာမကြီးတို့ ၏ အတွေးအမြင်များကို  ပွင့်ပွင့်လင်းလင်း   အကြံပြု ဆွေးနွေးပေးကြရန်၊  ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူး  စီမံခန့်ခွဲမှုသင်တန်းနှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများသို့ တက်ရောက်ခဲ့ ကြသူများ၏  ဘာသာရပ်ပို့ချမှုများနှင့်  ပို့ချ ဆရာ၊ ဆရာမများအပေါ် အကြံပြုသုံးသပ်ချက်များကိုလည်း လျစ်လျူရှုထားခြင်းမရှိဘဲ အလေးထားဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

 


ယင်းနောက်   အစည်းအဝေးတက်ရောက်လာ သည့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တက္ကသိုလ်အကြံပေးအဖွဲ့ဝင်များက ပညာဌာနရှစ်ခု ၏ ပို့ချဘာသာရပ်များနှင့် ပတ်သက်၍ သင်တန်းသား များ၏     လက်တွေ့လုပ်ငန်းခွင်နှင့််    ကိုက်ညီသော ဖြည့်စွက်ပို့ချသင့်သည့်  ဘာသာရပ်များကို အကြံပြု ဆွေးနွေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိမည့် အကဲဖြတ် စနစ်များကို  ဖြည့်စွက်တင်ပြခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော အလေ့အထများနှင့် ကွာဟမှု မရှိစေရေးတို့အတွက်  လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင် ရွက်ကြောင်း  သိရသည်။               

သတင်းစဉ်