နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်  အောက်တိုဘာ  ၂၁ 


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)   အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၂၁၄)သင်တန်း ဆင်းပွဲအခမ်းအနားကို   ယနေ့ နံနက်ပိုင်းက   စစ်ရေးပြကွင်း၌  ကျင်းပရာ   ဦးစွာသင်တန်းဆင်း တပ်ခွဲက   နိုင်ငံတော်အလံအား အလေးပြုကြပြီး   ဆက်လက်၍ ပါမောက္ခချုပ်   ဦးဇော်ဇော်အား အလေးပြုကြသည်။ 

 


ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးကျော် မိုးလှိုင်၊ ဒုတိယရဲမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်းကောင်း၊   သင်တန်းသူ စံပြဆုကို   ဒေါ်ဥမ္မာအေး၊  ဦးစီး အရာရှိ၊   ဗဟိုစက်ပစ္စည်းစာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာနကို လည်းကောင်း    ချီးမြှင့်သည်။ ယင်းနောက်       သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်း ဆင်း    အောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။ 

 


ယင်းသင်တန်း    ဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊   ဌာန ကြီးမှူး/ ပါမောက္ခများ၊ တာဝန် ရှိသူများနှင့် သင်တန်းသား  ၁၆၂ ဦး၊ သင်တန်းသူ ၂၀၁ ဦး စုစုပေါင်း ၃၆၃ ဦး တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေ ၂ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ Distance Learning ဖြင့်လည်း ကောင်း၊ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ   ၂၁   ရက်အထိ  In-House Learning ဖြင့်လည်း ကောင်း သင်ကြားပို့ချခဲ့ကြောင်း  သိရသည်။              

သတင်းစဉ်