
နေပြည်တော် မတ် ၂၄
စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ တက္ကသိုလ်စစ်ရေးပြကွင်း၌ စစ်ရေးပြအစီအစဉ်ဖြင့် ကျင်းပရာ ပါမောက္ခချုပ် က သင်တန်းသား သင်တန်းသူ စံပြဆု၊ ပထမ ဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင် လက်မှတ်များကို ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။
သင်တန်းဆင်း အခမ်းအနားသို့ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ များ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများ နှင့် သင်တန်းသား ၃၀၉ ဦး၊ သင်တန်းသူ ၄၈၄ ဦး စုစုပေါင်း ၇၉၃ ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၆ ရက်မှ မတ် ၂၄ ရက်အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၉၃)၏ သင်တန်းဆင်းပွဲ အခမ်းအနား ကို နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပ ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာ ပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ များ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများ နှင့် သင်တန်းသား ၂၀၄ ဦး၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း၄၈၀ တက်ရောက်သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပါမောက္ခချုပ် က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူ စံပြဆု၊ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်း ဆင်း အောင်လက်မှတ်များကို ချီးမြှင့်သည်။ ယင်းသင်တန်းကို Hybrid Learning System ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်ပြီး Online မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ၂၈ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ ရက်သတ္တ ၁၂ ပတ်၊ In-house တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂၄ ရက်အထိ ရက်သတ္တ လေးပတ် စုစုပေါင်း ရက်သတ္တ ၁၆ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်