
နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်
ရန်ကုန် နိုဝင်ဘာ ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်သော ဦးရဲနိုင်နှင့် ဦးစိုးတင့်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗဟို ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခ ချုပ် ဦးဇော်ဇော်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက သက်ဆိုင်ရာ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကွပ်ကဲအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကို အထက်အောက်ချိတ်ဆက် တာဝန်ယူ ကြရသော အရာထမ်းများ အရည်အသွေးပိုမိုမြင့်မားပြီး စိတ်နေသဘောထားခံယူချက် မှန်ကန်ခိုင်မာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးယန္တရားအတွက် အားကိုး ရမည့် အဆင့်မြင့် အရာရှိကြီးများဖြစ်စေရန် ရည်ရွယ် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင်လည်း လုပ်ငန်း သဘောသဘာဝနှင့်သက်ဆိုင်သော မွမ်းမံသင်တန်း များကို လေ့ကျင့်သင်ကြားပေးသကဲ့သို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအားလုံး စွမ်းရည်မြင့်မားရေး ရာထူးအဆင့်လိုက် သင်တန်း များ လေ့ကျင့်ပို့ချပေးလျက်ရှိပါကြောင်း။
သင်တန်းတွင် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆနှင့် အတွေ့အကြုံများ သိရှိစေပြီး မိမိတို့လုပ်ငန်းတာဝန်များ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိရောက်ထက်မြက်စွာ ဆောင်ရွက်တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိ လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ပိုမိုနားလည်တတ်ကျွမ်း စေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးသဘောတရား များ သိရှိနားလည်စေရန်နှင့် ပြည်တွင်းပြည်ပ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း။
ဦးထိပ်ပန်ဆင်
“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့် အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်ယန္တရားကြီး ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်စေရန် တာဝန်ယူ ဆောင်ရွက်ပေးရသူများဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များကို ကြိုးစားထမ်းဆောင်သွားရန် တိုက်တွန်း လိုပါကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှုကာလ အတွင်း ဖွင့်လှစ်ရသော သင်တန်းဖြစ်၍ သတ်မှတ် ထားသည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။]
သင်တန်းဖွင့်ပွဲတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး အဆင့် သင်တန်းသား ၄၀၊ သင်တန်းသူ ၃၄ ဦး စုစုပေါင်း ၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလ မှာ နိုဝင်ဘာ ၈ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်အထိ ရက်သတ္တ ၂၀ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်