နေပြည်တော် ဇွန် ၆
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ၏ ဒုတိယအကြိမ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်ပြီး တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိ သော သင်တန်းများတွင် လေ့ကျင့် သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေး ၍ တက္ကသိုလ်မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ သင်တန်းသူ၊ သင်တန်းသားများ၏ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခြင်း စုပေါင်းပြုလုပ်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေး ပြီးနောက် ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့ဝန်ထမ်း များ ဖြစ်ရန်အတွက် ကျန်းမာရေး လေ့ကျင့်ခန်းများကို သင်တန်း တွင်သာမက အမြဲတမ်းလေ့ကျင့် သွားကြရန် မှာကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) [Civil Service Academy-CSA (Upper Myanmar)]၏ အမည် ပြောင်းလဲခြင်း အထိမ်းအမှတ် အဖြစ် ဒုတိယအကြိမ် ပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှား မှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲ အခမ်းအနားကို နံနက်ပိုင်းတွင် တက္ကသိုလ်အဝင်မုခ်ဦးတွင် ကျင်းပ ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးသန်းဆွေ တက်ရောက်၍ သစ်ပင်စိုက်ပျိုးပေးသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေ ၊ ဒုတိယပါမောက္ခချုပ် များ၊ တက္ကသိုလ်သင်ကြား၊ စီမံ ဌာနများမှ အရာထမ်း၊ အမှုထမ်း များနှင့် သင်တန်းသား သင်တန်း သူများက ပျိုးပင်စုစုပေါင်း ၈၇၇ ပင်ကို တက္ကသိုလ်အဝင်လမ်း တစ်လျှောက်တွင် ပန်းအလှပင် များနှင့် အရိပ်ရစိန်ပန်းနီနှင့် စိန်ပန်းပြာပင်များကို လည်း ကောင်း၊ ရဲဝန်ထမ်းအိမ်ရာ လမ်းဘေးဝဲယာ တစ်လျှောက် စိန်ပန်းပြာပင်များကို လည်း ကောင်း၊ စိုက်ကွက် အမှတ်(၂)တွင် နှစ်ရှည်သီးနှံဖြစ်သော စိန်တစ်လုံး သရက်ပင်များနှင့် သင်တန်း အိပ်ဆောင်များတွင် ပိန္နဲပင်များနှင့် သြဇာပင်များကို လည်းကောင်း သတ်မှတ်နေရာများ တွင် စုပေါင်းစိုက်ပျိူးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ် စစ်ရေးပြကွင်းတွင် တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၂)မှ သင်တန်းသား သင်တန်းသူများ၏ သင်တန်း ဆင်း အကြိုစစ်ရေးပြအခမ်း အနားကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အရာထမ်းလောင်း အခြေခံ သင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၉)နှင့် အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၃)တို့၏ လက်နက်ဖြင့် စစ်ရေးပြလေ့ကျင့် နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းများတွင် ကာကွယ်ရေး ပညာဘာသာရပ်ကို ထည့်သွင်း ပို့ချပေးသည့်အတွက် စုပေါင်း ဆောင်ရွက်တတ်ခြင်း၊ အပြန် အလှန် လေးစားလိုက်နာမှုရှိ ခြင်း၊ အမိန့်နာခံတတ်ခြင်းနှင့် စည်းကမ်း ကောင်းမွန်ခြင်းစသည့် အလေ့အကျင့်ကောင်း၊ နည်းစနစ် ကောင်းများ ရရှိလာစေရေး ဦးတည် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်ပြီး နီလာခန်းမ၌ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူးသင်တန်းအမှတ်စဉ် (၉)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား သင်တန်းသူများ ၏ သင်ခန်းစာပို့ချနေမှုကို လိုက်လံစစ်ဆေးသည်။
ထို့နောက် တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများကို စွမ်းရည်ထက်မြက်ရေး လေ့ကျင့် ပေးခြင်းမှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များကို ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်၍ ပြန်လည် ဖွင့်လှစ်ရာတွင် ကိုဗစ်စည်းကမ်း အတွင်းမှ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည့်အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြသည့် တက္ကသိုလ် ဝန်ထမ်းများအား ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများကို စွမ်းရည် ထက်မြက်အောင် လေ့ကျင့်ပေး နေသည့် တာဝန်ယူရသည့် အားလျော်စွာ အားလုံးစံပြ ဖြစ်အောင် နေထိုင်ကျင့်ကြံကြ ရန်လိုကြောင်း ဂုဏ်သိက္ခာ မြင့်မားသည့် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန် အားလုံးအစွမ်း ကုန်ကြိုးစားကြရန် တိုက်တွန်း မှာကြားသည်။ သတင်းစဉ်



