
မနီလာ ဇန်နဝါရီ ၁၁
ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၁ ရက်က သုံးသန်းကျော်လာမှုနှင့်အတူ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး မှတ်တိုင်တစ်ခုကို ကျော်ဖြတ်ခဲ့သည်။
နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၀၀၇ ဦးရှိကြောင်း ကျန်းမာရေးဌာနက ဖော်ပြခဲ့ပြီး နောက် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၃၀၂၆၄၇၃ ဦး ရှိခဲ့သည်။
ထို့ပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၁၉ ဦး ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက သတင်း ထုတ်ပြန်ခဲ့သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၅၂၅၁၁ ဦး ရှိလာခဲ့သည်။ နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၁၈၁၀၁၆ ဦး ရှိလာသောကြောင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၄၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၀ ရက်က အများဆုံးဖြစ် ခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၃၃၁၆၉ ဦးရှိခဲ့သည်။ အားလပ်ရက်ရာသီတွင် ကျန်းမာရေးဆိုင်ရာ နည်းလမ်း များကို လိုက်နာရန် အားနည်းခဲ့ပြီး လူမှုရေး ဆောင် ရွက်ချက်များ အမြင့်ဆုံးဖြစ်ခဲ့သောကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာသည့်အပေါ် ဒေသ ဆိုင်ရာအာဏာပိုင်များက ပြစ်တင်ဝေဖန်လျက် ရှိသည်။
ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကိုဒုက ဖိလစ်ပိုင် သမ္မတ ရိုဒရီကို ဒူတာတေးနှင့် တွေ့ဆုံမှုတွင် နိုင်ငံ အတွင်းရှိ ကိုဗစ်-၁၉ အခြေအနေမှာ ယခုအခါတွင် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတွင်းရှိ ကိုဗစ်-၁၉ အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မိ ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတွင်းရှိ ကိုဗစ်-၁၉ အခြေအနေ သည် ယခုအခါတွင် စိုးရိမ် ဖွယ် သတိပေးမှုတစ်ခု ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ