
ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်သဖြင့် နိုင်ငံအတွက်အကျိုးများစွာ ဖြစ်ထွန်းစေမည်
နေပြည်တော် အောက်တိုဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ် (၃)သံမဏိစက်ရုံ (ရွာမ)နှင့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်း ရောင်အသားဝါ(ဘီ)ကာကွယ်ဆေးစက်ရုံ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အမှတ်(၃) သံမဏိစက်ရုံ (ရွာမ) အစည်းအဝေးခန်းမတွင် စက်ရုံ မှူးကြီး ဦးမျိုးတင့်အောင်နှင့် စက်ရုံအကြံ ပေးပုဂ္ဂိုလ် ဦးရင်မောင်ညွန့်တို့က စက်ရုံ သမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ အရည်အသွေးမြင့် သံမဏိ များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကုန်ကြမ်းများရရှိမှုအခြေအနေ၊ Oxygen ထုတ်လုပ်နေမှုအခြေအနေနှင့် စက်ရုံ Revamping ဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြသည်။
အရည်အသွေးပြည့်မီရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတည်ဆောက်ရာ တွင် သံနှင့် သံမဏိထုတ်ကုန်များသည် မရှိမဖြစ် လိုအပ်ပြီး မိမိတို့နိုင်ငံ၌ ကုန်ကြမ်းပစ္စည်းများ ရှိနေသော်လည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ် နိုင်ခြင်းမရှိသဖြင့် ပြည်ပမှတင်သွင်းနေ ရကြောင်း၊ နိုင်ငံတွင်း သံမဏိကုန်ကြမ်း အရင်းအမြစ်များအသုံးပြုပြီး ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်၍ ပြည်ပမှ တင်သွင်းမှုကို လျှော့ချရန်လိုအပ် ကြောင်း၊ ထုတ်ကုန်များသည် သင့်တင့် သော ဈေးနှုန်းဖြစ်ရန်နှင့် အရည်အသွေး ပြည့်မီရန်လိုပြီး ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်၍ ပြည်ပ သွင်းကုန်လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ သံနှင့် သံမဏိထုတ်လုပ်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်နှင့် MEC ကဲ့သို့သော Semi Government များသာမက ပုဂ္ဂလိက ကုမ္ပဏီများမှ ဆောင်ရွက်မှုတို့ကိုလည်း အားပေးပါကြောင်း။
သံမဏိကိုသာမက ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် ဘိလပ်မြေ ထုတ်လုပ်မှုများကိုလည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ရန်လိုပြီး ထုတ်လုပ်သည့် ပစ္စည်းများအားလုံး အရည်အသွေးပြည့်မီ ရန် လိုအပ်ကြောင်း၊ အလားတူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မဖြစ် မနေ အသုံးပြုရသော ဘိုးနှင့်နပ်များ ကိုလည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းမှု များကို လျှော့ချနိုင်သဖြင့် နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ခေတ်မီသည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် စက်မှုလုပ်ငန်းသည် အရေးကြီးကြောင်း၊ အဆိုပါ စက်မှု လုပ်ငန်းတွင် သံနှင့်သံမဏိသည် အရေး ကြီးသကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်း များအတွက် ဘိလပ်မြေသည်အရေးကြီး ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် သံမဏိထုတ်လုပ်ရေးနှင့် ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများ အား အလေးထားဆောင်ရွက်ကြစေလို ကြောင်း မှာကြားသည်။
လမ်းညွှန်မှာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း Revamping လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ် ဆေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်း အဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း အထွေထွေ မန်နေဂျာ ဒေါက်တာအောင်ဇော်၊ စက်ရုံ ခွဲမှူး ဒေါက်တာ အောင်သန္တာဦးတို့က ပြည်တွင်း ဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ အားကောင်း လာစေရန်အတွက် တွန်းအားပေး ဆောင် ရွက်နိုင်မည့်အခြေအနေ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေနှင့် အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထုတ်လုပ် ပုံအဆင့်ဆင့်နှင့် စက်ရုံဆိုင်ရာအချက် အလက်များအား ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဆေးဝါးထုတ်လုပ်မှုများနှင့် ပတ်သက်၍ ယခင်က ဆိုရှယ်လစ် စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဈေးကွက်စီးပွားရေးစနစ်ဖြင့် စီးပွားရေးဆန်ဆန် ဆောင်ရွက်ခဲ့ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖြစ်သော်လည်း ပြည်တွင်းဆေးလိုအပ်ချက်ကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ် သည့် ဆေးပစ္စည်းများ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဆေးဝါးများ၏ အရည်အသွေးကောင်းမွန်ရန်နှင့် သင့်တင့် သည့်ဈေးနှုန်းဖြစ်ရန်မှာ အရေးကြီး ကြောင်း၊ ပြည်တွင်း ဆေးဝါးထုတ်လုပ်မှု နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဖြေလျှော့ပေးမှုများရှိသော်လည်း အခွန် ဆိုင်ရာများနှင့် ပတ်သက်၍ ထိုက်သင့် သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာ တွင် အရည်အသွေးချင်းတူလျှင် ဈေးနှုန်း သက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေး ကောင်းမွန်ရမည်ဖြစ် ကြောင်း၊ ထုတ်လုပ်သူနှင့် သုံးစွဲသူ နှစ်ဖက်စလုံးအတွက် ကြည့်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးဝါး ကုန်ကြမ်းတင်သွင်းသူများအနေ ဖြင့် အခွန်ငွေများအား ထိုက်သင့်သည့် အခွန်နှုန်းထားဖြင့်သာ ကောက်ခံ ကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်မှုများ ကို အားပေးပါကြောင်း။
သုတေသနပြုဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာတွင် လက်ရှိကာလအတွင်း အသုံးပြုနိုင်ရေး အမြန်ရရှိအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရေရှည် အတွက် ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပြည်ပနိုင်ငံများနှင့်ဆေးဘက် ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက် မှုများပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြင် လိုအပ်သည့်အချိန် တွင် အခြားကာကွယ်ဆေးများပြောင်းလဲ ထုတ်လုပ်နိုင်ရေး မျှော်တွေး၍ စီမံ ဆောင်ရွက်ရန်လိုကြောင်း၊ လတ်တလော တွင် ငွေကြေးကုန်ကျမှုရှိနိုင်သော်လည်း ကိုဗစ်- ၁၉၏ မျိုးရိုးဗီဇပြောင်းလဲ ဖြစ်ပွား မှုကိုအဆိုးဆုံးအခြေအနေအထိ မျှော်တွေး ကာ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်ပကို မှီခိုရန်မလိုဘဲ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစက်ရုံအတွက် လိုအပ် သည့်စက်ရုံကိုလည်း တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆေးဝါးစက်ရုံ အတွင်း ဆေးဝါးထုတ်လုပ်မှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြသကြ သည်။
အဆိုပါ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)၊ အသည်း ရောင်အသားဝါ(ဘီ) ကာကွယ်ဆေး စက်ရုံကို မွေးကင်းစကလေးငယ်များ အားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ် တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် FDA လိုင်စင်ရရှိခဲ့ကာ ၂၀၀၇ ခုနှစ်၊ မေလတွင် ထုတ်လုပ်မှုလုပ်ငန်း များစတင်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် အသည်းရောင်အသားဝါ(ဘီ) ကာကွယ် ဆေးများကို စဉ်ဆက်မပြတ်ထုတ်လုပ် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လိုအပ် သည့် ဆွေးနွေးဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်