နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းကို ပဏာမကစားသမား ၄၄ ဦးဖြင့် ဖွဲ့စည်း

 

ရန်ကုန်   ဇန်နဝါရီ     ၆


မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပဏာမကစားသမား ၄၄ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းကို ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကာလရှည် စခန်းသွင်းလေ့ကျင့်နေသည့်ကာလအတွင်း ပြိုင်ပွဲ အတွေ့အကြုံကောင်းများရရှိရန် ၂၀၂၃ ရာသီ MNL-2 ပြိုင်ပွဲကို Junior Lions အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို  ပြည်တွင်းကလပ်များ၊ အကယ်ဒမီအသင်းများနှင့် ခြေစမ်းပွဲများ  ယှဉ်ပြိုင် ကစားစေခဲ့သည်။

 

  မြန်မာ ယူ-၁၉  အသင်းသည် MNL-2 ပြိုင်ပွဲအပြီးတွင် ကစားသမားသစ်များ ထပ်မံ အားဖြည့်ခဲ့ပြီး လက်ရှိတွင် ပဏာမကစားသမား ၄၄ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအပါအဝင် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 


 မြန်မာ ယူ-၁၉ အသင်းတွင်  နည်းပြချုပ်အဖြစ်  ဦးအောင်နိုင်၊   လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေးနှင့်  ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်၊ အားကစားသမားများအဖြစ် ဂိုး သမား- စောကျော်ခန့်နို (တက္ကသိုလ်)၊ စောအယ်ဒိုထူး (Dagon Port)၊  ချစ်ရအောင်စိုး   (နေပြည်တော်)၊ ပိုင်ဇင် (အား/ကာသိပ္ပံ)၊ ဟန်မြင့်မြတ်ထွန်း (မဟာ ယူနိုက်တက်)၊   နောက်တန်း  - ထွန်းထွန်းသိန်း (ရတနာပုံ)၊   ကောင်းဆက်ပိုင်   (အား/ကာသိပ္ပံ)၊ ကောင်းခန့်ကျော် (ဧရာဝတီယူနိုက်တက်)၊ ဖြိုးပြည့်စုံ (မန္တလေးတိုင်းဒေသကြီး)၊ အောင်မြင့် (မွန်ပြည်နယ်)၊ ရဲကောင်းဆက်၊    သူရအောင်   (Glory    Goal)၊  ခန့်ဇင်ဟိန်း၊ ရှင်မွေလငိုင်းကီး၊ ခွန်းချိုထူး (Junior Lions)၊ လွမ်းထက်ထွန်း (စီမံ/ ဘဏ္ဍာ)၊ စခန့်ချော (တက္ကသိုလ်)၊ လွင်ဖြိုးအောင် (ဟံသာဝတီယူနိုက် တက်)၊ အလယ်တန်း- ခွန်သူရိန်ထူး (Police Tero Academy)၊   အောင်ခန့်ကျော်  (နေပြည်တော်)၊ စောလင်းထက်ပိုင်  (ရခိုင်ယူနိုက်တက်)၊   ဝိုင်းလု (ဟံသာဝတီယူနိုက်တက်)၊  သူရ  (Glory Goal)၊ ဂျခီဆွတ်အောင် (Junior Lions)၊ ဇော်မျိုးထွန်း၊ မင်းသန့်ဗိုလ် (စီမံ/ ဘဏ္ဍာ)၊ ကောင်းဇေယျာလင်း (မဟာယူနိုက်တက်)၊ ကောင်းခန့်ကျော် (မန္တလေး အကယ်ဒမီ)၊   နိုင်ကို(မွန်ပြည်နယ်)၊  သိန်းဇော် သီဟ(အား/ကာသိပ္ပံ)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ နိုင်အောင်ဆန်း (Dagon Port)၊ ဝင်းကိုဌေး (Junior Lions)၊ ရှေ့တန်း- စွမ်းထက် (ရတနာပုံ)၊ ဝင်းပြည့် မောင်၊    နိုင်လင်းဖြိုး (အား/ကာသိပ္ပံ)၊    ဇွဲမာန်သာ (ဟံသာဝတီယူနိုက်တက်)၊ နိုင်ဝင်းထွန်း (မန္တလေး တိုင်းဒေသကြီး)၊ စောဆဲကပေါ်ဆေး၊ မောင်တော့ (ဧရာဝတီတိုင်းဒေသကြီး)၊   စောမျိုးဇော်  (သစ္စာ အားမာန်)၊  ထွန်းနိုင်စိုး   (ရက္ခပူရယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်နှင့်    စိုင်းဇေယျာကျော်   (Junior Lions) တို့ ပါဝင်ကြသည်။ 


ရဲရင့်လွင်
 ဓာတ်ပုံ-MFF