နိုင်ငံတကာ၏ စီးပွားရေးပညာနှင့် စာရင်းကိုင်ပညာရပ်များ ဖြစ်ပေါ်တိုးတက်နေမှုကို  စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာသင်ယူ၍  အသုံးချနိုင်ရန်လိုအပ်

 

 

နေပြည်တော်  နိုဝင်ဘာ  ၂၃
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်  ဒီပလိုမာစာရင်းကိုင် (Diploma In Accounting- DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၁ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။ 
သင်တန်းဖွင့်ပွဲ   အခမ်းအနား တွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်   မြန်မာနိုင်ငံစာရင်း    ကောင်စီ ဥက္ကဋ္ဌ    ပါမောက္ခ       ဒေါက်တာ ကံဇော်က  ပြည်ထောင်စုစာရင်း  စစ်ချုပ်ရုံးသည်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စီးပွားရေးဘာသာရပ်နှင့် ဥပဒေ ဘာသာရပ်ဆိုင်ရာ     သင်တန်း/  ဒီပလိုမာသင်တန်းများ    ဖွင့်လှစ် ခြင်းဖြင့်  စာရင်းကိုင်/ စာရင်းရေး ပညာရပ်များကို     လူအများသိရှိ နားလည် အသုံးချနိုင်ပြီး  နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက် မှုတွင် ပါဝင်တည်ဆောက်နိုင်သူ များ၊      စနစ်တကျ    လိုက်နာ ကျင့်သုံးသူများ ဖြစ်လာစေရေးကို အထောက်အကူ    ဖြစ်စေရန်နှင့်  စာရင်းကျွမ်းကျင်သူများ  စဉ်ဆက် မပြတ်      မွေးထုတ်ပေးနိုင်ရန် အတွက် စာရင်းကိုင်သင်တန်းများ ကို ပြန်လည်ဖွင့်လှစ်ရခြင်း ဖြစ်ပါ ကြောင်း။ 
ဒီပလိုမာ           စာရင်းကိုင် သင်တန်းများကို       ရန်ကုန်မြို့    မြန်မာနိုင်ငံ စာရင်းကောင်စီတွင်   ၁၉၇၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး    ယနေ့အချိန်ထိ စာရင်းကျွမ်းကျင် သူ ၄၆၀၇ ဦးကို  မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊  နေပြည်တော်တွင် ၂၀၀၉-၂၀၁၀   ခုနှစ်မှစ၍   စတင် ဖွင့်လှစ်ခဲ့ပြီး   ယခုသင်တန်းသည်   (၁၂)  ကြိမ်မြောက် ဖြစ်ပါကြောင်း၊ DA    သင်တန်းကို     လက်မှတ်ရ ပြည်သူ့စာရင်းကိုင်    (Certified Public    Accountant  -   CPA)  သင်တန်း၏    ဝင်ပေါက်တစ်ခု အဖြစ်   စာရင်းကျွမ်းကျင်သူများကို စာရင်းပညာရှင်များ ဖြစ်ခွင့်ရစေ  ရန်          ဆောင်ရွက်ပေးထားပါ ကြောင်း။ 
ယနေ့အချိန်အခါမှာ   နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက   နိုင်ငံတော်နှင့်  နိုင်ငံသား အားလုံး ၏ အနာဂတ်အတွက်  ရှေ့လုပ်ငန်း စဉ်  (၅) ရပ်၊  ဦးတည်ချက် (၉) ရပ်    ချမှတ်ပြီး     နိုင်ငံတော်ကို   တည်ငြိမ်အေးချမ်းပြီး    ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင်    ကြိုးပမ်း တည်ဆောက်နေသည့်           ကာလ ဖြစ်ပါကြောင်း၊      နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် အတူ စာရင်းပညာရှင်နှင့်   စာရင်း ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍ သည်လည်း     လွန်စွာအရေးပါ ကြောင်း၊ နိုင်ငံတကာစာရင်းကိုင် စံများနှင့်အညီ    စာရင်းများကို စနစ်တကျ  ရေးသွင်းမှတ်တမ်းတင် ထိန်းသိမ်းရေး၊  ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေးနှင့်      ကောင်းမွန် သည့် အုပ်ချုပ်မှု (Good Gove-rnance)၊   သန့်ရှင်းသော  အစိုးရ (Clean Government) ဖြစ်ထွန်း စေရေးတို့အတွက်   အထောက် အကူပြုရန်   စာရင်းပညာရှင်နှင့်   စာရင်း ပညာတတ်ကျွမ်းသူများ၏   အရည်အချင်းနှင့် အရေအတွက်  တိုးတက်လာရန်          လိုအပ်ပါ ကြောင်း၊ နိုင်ငံတကာ၏စီးပွားရေး ပညာနှင့် စာရင်းကိုင်ပညာရပ်များ     ဖြစ်ပေါ်တိုးတက်နေမှုကို စဉ်ဆက် မပြတ်       စောင့်ကြည့်လေ့လာ သင်ယူ၍  အသုံးချနိုင်ရန်  လိုအပ် ပါကြောင်း။ 
ယခုအချိန်သည်       ပြည် ထောင်စု          စာရင်းစစ်ချုပ်ရုံးက    အာဆီယံ  (၁၀)  နိုင်ငံ  စာရင်းစစ် ချုပ်ရုံးများ၏  အလှည့်ကျဥက္ကဋ္ဌ အဖြစ် နှစ်နှစ်  တာဝန်ထမ်းဆောင် နေသည့် ကာလဖြစ်ပြီး  အာဆီယံ စာရင်းစစ်ချုပ်ရုံးများ       အဖွဲ့၏   မဟာဗျူဟာစီမံကိန်း     (၂၀၂၂-၂၀၂၅) နှင့်အညီ  အာဆီယံဒေသ တွင်း စာရင်းပညာဆိုင်ရာ ဖွံ့ဖြိုး ရေးကိုလည်း  ဆောင်ရွက်လျက် ရှိပါကြောင်း၊  ထို့အပြင်   အာဆီယံ စီးပွားရေး     အသိုက်အဝန်းတွင် အာဆီယံလက်မှတ်ရ        စာရင်း ပညာရှင်         ဖြစ်စေရန်အတွက်    ၂၀၁၄ ခုနှစ်ကစပြီး Multilateral Recognition Agreement(MRA)  လက်မှတ်     ရေးထိုးနိုင်ခဲ့သဖြင့် ယနေ့တွင် မြန်မာစာရင်းပညာရှင် ၄၀၀     ကျော်အား      အာဆီယံ လက်မှတ်ရ စာရင်းပညာရှင်များ အဖြစ်    မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊  မြန်မာစာရင်းပညာရှင် များ၏       အခန်းကဏ္ဍသည်လည်း ကျွမ်းကျင်မှု    အရည်အသွေးအရ   အာဆီယံသာမက    နိုင်ငံတကာ အထိ အခွင့်အလမ်းများ   ဖြစ်ပေါ် လာမည် ဖြစ်ပါကြောင်း။ 
ထို့ကြောင့်  သင်တန်းသားများ အနေဖြင့်      မိမိ၏အရည်အချင်း အတွက်သာမက မိမိဌာန/ အဖွဲ့ အစည်းနှင့် နိုင်ငံအတွက် အကျိုး ပြုနိုင်သည့်  စာရင်းကျွမ်းကျင်သူ များ၊ စာရင်းပညာရှင်များ  ဖြစ်လာ စေရန် တိုက်တွန်းအားပေးလိုပါ ကြောင်း မှာကြားသည်။
ဒီပလိုမာစာရင်းကိုင် (ပထမ ပိုင်း) သင်တန်းတွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၃ ခု၏    ဦးစီးဌာန/လုပ်ငန်း ၁၇ ခုတို့မှ   သင်တန်းသား  ၄၄    ဦး   တက်ရောက်လျက်ရှိပြီး သင်တန်းချိန်ကို   ရုံးဖွင့်ရက်များ တွင်   နံနက် ၇ နာရီမှ ၉ နာရီအထိ ရုံးချိန်ပြင်ပ   လုပ်ငန်းခွင်မပျက်      တက်ရောက်နိုင်ရန်    စီစဉ်ဆောင် ရွက်ထားပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၂ ရက်မှ ၂၀၂၂  ခုနှစ်  ဩဂုတ်  ၆  ရက်အထိ ဖွင့်လှစ် သင်ကြားသွားမည်    ဖြစ်ကြောင်း သိရသည်။             
    သတင်းစဉ်