နိုင်ငံတကာအဆင့်မီ နေပြည်တော်က နိုင်ငံ့ထိပ်တန်းတက္ကသိုလ်(သို့မဟုတ်) နေပြည်တော်က မြကျွန်းညိုညို

Type
5

 

ကောင်းမြင့်ခိုင်

 

မြန်မာတို့ရဲ့        ကျောက်မျက်ရတနာတွေထဲမှာ မြဆိုတာ    အစိမ်းရောင်ရှိတဲ့    ကျောက်တစ်မျိုးမို့ ပညာရေးကို မြနဲ့တင်စားကြပါတယ်။ အစိမ်းရောင်ဟာ အေးမြခြင်းမို့  ပညာပြည့်ဝနှလုံးလှသူတွေရဲ့ စိတ်ဓာတ်ဟာ  အေးမြပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးဆုံးအချက်ကို ပြောပါဆိုရင် လူတိုင်းကပညာရေးကိုပဲ      ပြောကြမှာပါ။    ပညာရေးဟာ လူသားတို့ဘဝအတွက်  အရေးကြီးလှသလို နိုင်ငံတစ်နိုင်ငံအတွက်လည်း အလွန်အရေးပါလှပါတယ်။

 

ပညာရေးဟာ နိုင်ငံရဲ့ အခြေခံအုတ်မြစ်


ဒီကနေ့ခေတ်က   ပညာခေတ်ဆိုတော့     ပိုလို့  တောင် အရေးပါအရာရောက်လှပါတယ်။   ပညာ ဆိုတာမှာလည်း ခေတ်နဲ့အညီခေတ်မီပညာတွေတတ်မြောက်ထားကြဖို့ လိုအပ်လှပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ ပညာရေးဟာ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။      တက္ကသိုလ်လို့ ဆိုလိုက်တာနဲ့လူတိုင်းရဲ့စိတ်အမြင်မှာ    မြကျွန်း ညိုညို   ရန်ကုန်တက္ကသိုလ်ကြီးကို    မြင်ကြမှာပါ။ အခုအခါမှာတော့ ရန်ကုန်တက္ကသိုလ်ကြီးလိုမျိုး နေပြည်တော်မှာလည်း နိုင်ငံ့ထိပ်တန်းတက္ကသိုလ် တစ်ခု ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

 


မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်လေတော့ နိုင်ငံသူ နိုင်ငံသားလူငယ်မောင်မယ်တို့ အတွက် ပညာရေးဟာအရာရာတိုင်းရဲ့ ရှေ့ဆုံးမှာ ရှိနေရမှာပါ။    လူသားအရင်းအမြစ်ဖြစ်တဲ့   ပညာ တတ်တွေ ပေါကြွယ်ဝမှသာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး ဆဲနိုင်ငံကနေ         ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာမှာပါ။ နိုင်ငံတော်အစိုးရအနေနဲ့         ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေနဲ့အတူ   နိုင်ငံရေး၊    စီးပွားရေး၊ လူမှုရေးနဲ့       ပညာရည်မြင့်မားရေးတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။          အဲလိုဆောင်ရွက်  နေတဲ့အထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့်ပိတ်ထားခဲ့ ရတဲ့ကျောင်းတွေကို    အခက်အခဲမျိုးစုံကြားကနေ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာဟာလည်း ပညာရေး ကဏ္ဍရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။

 


Naypyitaw State Academy   ဖွင့်လှစ်ခြင်း


နိုင်ငံတော်အတွက် ကျက်သရေမင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ် အခမ်းအနားတစ်ခုကိုပြောရရင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉  ရက်က  နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှာ Naypyitaw State Academy  ကို  ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။    ဒီ သတင်းကို   ရုပ်မြင်သံကြားမှာ      မြင်လိုက်ရတာ တကယ့်ကို ကြည်နူးပီတိဖြစ်စရာပါပဲ။ တက္ကသိုလ် ကြီး တစ်ခုဖွင့်လိုက်နိုင်ခြင်းဟာ လူငယ်မောင်မယ် တွေအတွက် ကြီးမားတဲ့ လက်ဆောင်ကြီးတစ်ခု ပေးလိုက်တာပါပဲ။ လူငယ်မောင်မယ်အစဉ်အဆက် သုံးလို့မကုန်နိုင်တဲ့    လက်ဆောင်ပါပဲ။     စီးပွားရေး စကားနဲ့   ပြောရရင်တော့   လူငယ်တွေရဲ့ဘဝခရီး အတွက် အရင်းအနှီးကြီးကြီးမားမား  ထုတ်ပေးတဲ့ နေရာတစ်ခုကို နိုင်ငံတော်အစိုးရက  ဖွင့်လှစ်ပေး လိုက်တာဖြစ်ပါတယ်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် Naypyitaw State Academy ကို တက် ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊    ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးရွှေလေးနှင့်    နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့က Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပါတယ်။  ပြီးတော့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က    Naypyitaw State Academy ဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ်ဖွင့် လှစ်ပေးပြီး Naypyitaw State Academy ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်တွေ ပက်ဖျန်းပေး ပါတယ်။ ထို့နောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူတွေကလည်း Naypyitaw State Academy ကမ္ပည်းမော်ကွန်း ကို အမွှေးနံ့သာရည်တွေ ပက်ဖျန်းပေးကြပါတယ်။

 


အဲဒီနောက်ပထမထပ်မှာရှိတဲ့ Funiction Hall အတွင်းမှာ  Naypyitaw State Academy ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကိုဆက်လက်ကျင်းပကြပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်က ဆရာမတွေ၊ ကျောင်းသူတွေနဲ့ အနုပညာရှင်တွေက Naypyitaw State   Academy   အဖွင့်သီချင်းဖြင့်  သီဆိုကပြ ဖျော်ဖြေကြပါတယ်။    ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က  အဖွင့်အမှာစကား ပြောကြားပါတယ်။   အဖွင့် အမှာ စကားပြောကြားပြီးတဲ့အခါမှာတော့ မိတ္ထီလာ တက္ကသိုလ်မှ     ကျောင်းသား     ကျောင်းသူများက ထိပ်တန်းတက္ကသိုလ်သီချင်းဖြင့်          သီဆိုကပြ ဖျော်ဖြေကြပါတယ်။    အဲ့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့အဖွဲ့ဝင်တွေက အခမ်းအနားတက်ရောက် လာကြ သူတွေနဲ့အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ ပါတယ်။ ဒီမြင်ကွင်းကရုပ်မြင်သံကြားမှာ တွေ့မြင် ရတဲ့ မြင်ကွင်းတွေပါပဲ။

 


စာရေးသူဟာ    နေပြည်တော်မှာ   နေထိုင်သူ တစ်ဦးဖြစ်လေတော့     ဒီသတင်းကောင်းဟာ နေပြည်တော်     မြို့တော်သူ   မြို့တော်သားတွေ အတွက် ရွှေသတင်းပါပဲ။ နေပြည်တော်ကြီးတိုးတက် ဖွံ့ဖြိုးတာကိုမြင်တွေ့လိုကြတဲ့ နေပြည်တော်သား တွေအတွက်       ငါတို့နေပြည်တော်ကြီးမှာလေ…ဆိုတဲ့          စကားမျိုး  ပြောနိုင်ပြီဖြစ်ပါတယ်။ နေပြည်တော်ဟာ           နိုင်ငံတော်ရဲ့    အုပ်ချုပ်ရေး မြို့တော်ဖြစ်သလို စီးပွားရေး၊ ဘာသာရေးမှာလည်း ထိပ်တန်းမှာ    ရှိနေစေချင်တာ   နေပြည်တော်သား တွေရဲ့ဆန္ဒပါပဲ။ ကမ္ဘာမှာအချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာတဲ့မြို့တော်တစ်ခုအနေဖြင့် အဖွံ့ဖြိုး ဆုံး၊    အတိုးတက်ဆုံးအဖြစ်လည်း    မြင်တွေ့ချင်ပါတယ်။ အခုဆိုရင် နိုင်ငံတကာအဆင့်မီ ထိပ်တန်းတက္ကသိုလ် ဖွင့်လှစ်လိုက်တာဖြင့် အတိုင်းထက် အလွန်ဝမ်းသာ မဆုံးပါဘဲ။

 


နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ 
တက္ကသိုလ်ကြီးတစ်ခုအဖြစ် ရည်မှန်းချက်ထား


နိုင်ငံတော်အဆင့်   အခမ်းအနားတစ်ခုလိုမျိုး Naypyitaw State Academy  ဖွင့်ပွဲအခမ်းအနား ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကမြိုင်မြိုင်ဆိုင်ဆိုင်စည်စည်ကားကားရှိသလို Naypyitaw State Academy ဖွင့်ရခြင်းရည်ရွယ်ချက်ကလည်းမြင့်မားလွန်းလှပါတယ်။   နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ တက္ကသိုလ်ကြီးတစ်ခုအဖြစ် ရည်မှန်းချက်ထားရှိတာဖြစ်ပါတယ်။   အဆင့်မြင့် ပညာကဏ္ဍမှာ    ထူးခြားဆန်းသစ်စေမယ့်   နိုင်ငံ့ ထိပ်တန်းတက္ကသိုလ်တစ်ခုကို      နေပြည်တော်မှာ ဖွင့်လှစ်လိုက်ခြင်းဟာ          ကောင်းခြင်းဝေဖြာ ကျက်သရေ မင်္ဂလာရှိလွန်းလှပါတယ်။ 

 


“Naypyitaw State Academy ကို ဖွင့်လှစ်ရ သည့်  ရည်ရွယ်ချက်မှာ နေပြည်တော်ကို ပညာရေး မြို့တော်ဖြစ်လာစေရန်နှင့်       နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့်     နိုင်ငံ့ဝန်ထမ်း မိသားစုတွေ၏  သားသမီးတွေ၊  နေပြည်တော်   ရှစ် မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊   ပုဗ္ဗသီရိ၊  ပျဉ်းမနား၊   တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တွေမှ     ဒေသခံပြည်သူတွေ၏ သားသမီးတွေ  နိုင်ငံတကာအဆင့်မီ   အဆင့်မြင့် ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန်ဖြစ် ပါကြောင်း၊ ထို့ပြင် ကြောင်းကျိုးဆက်စပ် တွေးခေါ်မှု ကို အခြေခံသည့် သင်ကြားသင်ယူမှုကို အလေးထား အားပေးပြီး အသုံးချသုတေသနများနှင့်  နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင် မည့်  ပညာရှင်တွေမွေးထုတ်ပေးရာ    ဦးဆောင် တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထားကြိုးပမ်း သွားကြရမည်ဖြစ်ပါကြောင်း၊ အသိပညာအတတ် ပညာနှင့်      ပြည့်စုံပြီး   ပညာပြည့်ဝနှလုံးလှသည့် စိတ်ဓာတ်ကောင်းမွန်သေ
ပညာတတ်နိုင်ငံ့သားကောင်း   ရတနာမွန်တွေကို မွေးထုတ်ပေးသွားမည်ဖြစ်ပါကြောင်း” နိုင်ငံတော် အကြီးအကဲက ပြောကြားတာကို မှတ်သားလိုက် ရပါတယ်။          

 

           
ပညာဧဝအဓိပတိ


Naypyitaw State Academy ရဲ့ အမှတ်တံဆိပ် ဆောင်ပုဒ်မှာ  “ပညာဧဝအဓိပတိ” လို့ သတ်မှတ် ထားခြင်းဟာ “ပညာသည်သာအရှင်သခင်၊ ပညာ သည်သာအကြီးအမှူး၊ ပညာသည်သာဦးဆောင်သူ” ဖြစ်တယ်လို့ လေးလေးနက်နက် ဖော်ညွှန်းထားခြင်း ဖြစ်ပါတယ်။ ပညာကို ဦးထိပ်ပန်ဆင်ကာ  ပညာကို အထွတ်အမြတ်ထားပြီး   သင်ယူလေ့လာနိုင်တဲ့ ဌာနကြီးဖြစ်တယ်လို့  ရည်ညွှန်းထားတာဖြစ်ပါ တယ်။ Naypyitaw State Academy ကို ရန်ကုန် တက္ကသိုလ်၊    မန္တလေးတက္ကသိုလ်တွေလို    နိုင်ငံ့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုအဖြစ် ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။

 

 

မဟာဌာနများ


Naypyitaw State Academy မှာ အခုလာမယ့် ၂၀၂၂-၂၀၂၃     ပညာသင်နှစ်မှာ  ဖွင့်လှစ်ထားတဲ့ အထူးပြုဘာသာရပ်တွေအတွက်  တတိယနှစ်ကနေ ပြီးတော့   စတင်သင်ကြားပေးမှာ  ဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် သင်တန်းတွေတိုးချဲ့ပြီး မဟာ ဘွဲ့၊ ပါရဂူဘွဲ့သင်တန်းတွေအထိ ဖွင့်လှစ်မှာဖြစ်လို့ ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊  ဥပဒေ ပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊  ဆေး သိပ္ပံပညာမဟာဌာန၊ အားကစားပညာမဟာဌာနနဲ့ လူမှုရေးပညာမဟာဌာနဆိုပြီး   ဌာနကြီးခုနစ်ခု ဖွဲ့စည်းထားကြောင်း သိရှိရပါတယ်။ အခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊     ဥပဒေ   ပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာနစတဲ့    မဟာဌာနကြီး  လေးခုကို စတင်ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာန မှာ ဘာသာရပ်ဌာန ခုနစ်ခု၊ သိပ္ပံပညာမဟာဌာနမှာ ဘာသာရပ်ဌာန သုံးခု၊ စီးပွားရေးပညာမဟာဌာန မှာ ဘာသာရပ်ဌာန လေးခုနဲ့  ဥပဒေပညာ  မဟာ ဌာနမှာ ဘာသာရပ်ဌာန တစ်ခု စုစုပေါင်းဘာသာရပ် ဌာန ၁၅   ခုနဲ့   စတင်ဖွင့်လှစ်သင်ကြားရန်   စီစဉ် ထားတယ်လို့  သိရှိရပါတယ်။

 


ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ရဲ့မဟာဌာနကြီးတွေ ဖွဲ့စည်းထားရှိတဲ့အတိုင်း ယခု တက္ကသိုလ်မှာလည်း မဟာဌာနကြီးတွေဖွဲ့စည်း ကျင့်သုံးထားတာဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝ တဲ့ ဆရာ ဆရာမတွေအပြင် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှာတာဝန်ထမ်းဆောင်နေကြတဲ့ဘာသာရပ်ကျွမ်းကျင်သူ   ပညာရှင်ကြီးတွေကိုပါ စုစည်းပြီးတက္ကသိုလ်ကြီးမှာ အားဖြည့်သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါ တယ်။

 


ထပ်မံဖွင့်လှစ်မည့် မဟာဌာနများ


Naypyitaw State Academy မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ တတိယနှစ်နဲ့ပထမနှစ် ဂုဏ်ထူး တန်းတွေကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး အထူးပြုဘာသာရပ်တစ်ခုမှာ ကျောင်းသား ကျောင်းသူ ၅၀ အထိ လက်ခံသင်ကြားပေးမှာ ဖြစ်ပါ တယ်။ လာမယ့်ပညာသင်နှစ်တွေမှာတော့  ဆေး သိပ္ပံပညာမဟာဌာန၊ အားကစားပညာမဟာဌာနနဲ့ လူမှုရေးပညာမဟာဌာနတွေကို   တိုးချဲ့ဖွင့်လှစ်ပြီး ဆေးပညာ၊ အားကစားပညာနဲ့   လူမှုရေးပညာ အထူးပြုဘာသာရပ်တွေကို ထပ်မံဖွင့်လှစ်သင်ကြား ပေးဖို့ စီစဉ်ထားရှိပါတယ်။ ဒါ့အပြင်ပညာသင်နှစ် အလိုက် အတန်းတွေတိုးချဲ့ဖွင့်လှစ် လက်ခံသင်ကြား မှာ ဖြစ်ပါတယ်။
တက္ကသိုလ်ရဲ့  သင်ကြားသင်ယူမှုပုံစံမှာ   နိုင်ငံ တကာ အဆင့်မီ အရည်အသွေးအာမခံချက်ရှိစေ ရေးအတွက် ကျောင်းသားဗဟိုပြုလေ့လာမှု ပုံစံဖြင့် သင်ကြားပေးမှာ   ဖြစ်ပါတယ်။  ကျောင်းသား ကျောင်းသူတွေရဲ့ တွေးခေါ်မြော်မြင်နိုင်မှု၊ လေ့လာ ဆန်းစစ်နိုင်မှု၊ အကျိုးအကြောင်းဆင်ခြင်သုံးသပ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတွေကို မြှင့်တင်ပေးနိုင်တဲ့ သင်ကြားမှုနည်းစနစ်တွေကို  အသုံးပြုသင်ကြား ကြဖို့ ဆရာ ဆရာမတွေ   အားလုံးပူးပေါင်း   ပါဝင် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

 


နိုင်ငံတော်အတွက် ဂုဏ်ယူစရာတက္ကသိုလ်ကြီး


အထောက်အကူပစ္စည်းတွေဖြစ်တဲ့ Text books၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းတွေ၊  Internet Access နဲ့ E-library တွေအပါအဝင် သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံရေးကို စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့အခါ လျှောက်ထား သူသည် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီ သောနိုင်ငံသားလိုက်နာနိုင်သူ၊ ဤတက္ကသိုလ်မှ သတ်မှတ်ထားသော စည်းကမ်းတွေကို  လိုက်နာ နိုင်သူ ဖြစ်ရပါမယ်။ သင်တန်းနှစ်တွေကိုတစ်နှစ်ပြီး တစ်နှစ်တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး ဘွဲ့လွန်တန်းတွေဖြစ်ကြတဲ့ မဟာတန်းတွေ၊ ပါရဂူ တန်းတွေအထိ     ဖွင့်လှစ်ပေးမှာ    ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   လိုအပ်တဲ့ အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်လို့    နိုင်ငံတော်အတွက် လည်း   ဂုဏ်ယူစရာ   တက္ကသိုလ်ကြီးဖြစ်သလို နေပြည်တော်သားတွေအတွက်လည်း    အားရ ဝမ်းသာဖွယ် ဖြစ်ပါတယ်။ 

 


ဆရာ ဆရာမတွေအနေနဲ့ မိမိတို့သင်ကြားပေးလိုက်တဲ့တပည့်တွေဟာ နိုင်ငံတော်အတွက် အဖိုး ထိုက်၊ အဖိုးတန်သားကောင်း သမီးကောင်းရတနာ တွေ၊ နိုင်ငံတော်ကိုဦးဆောင်တဲ့သူတွေဖြစ်အောင် သင်ကြားပေးနေသလို ကျောင်းသား ကျောင်းသူတွေ အနေနဲ့  ရည်မှန်းချက်ကို ကြီးကြီးမားမား ထားရှိ ကြရမှာ ဖြစ်ပါတယ်။ တချို့ဆိုရင်   နိုင်ငံခြားမှာ ကျောင်းသွားတက်ကြပါတယ်။ အခုအခါမှာတော့ မိမိနိုင်ငံမှာ  International အဆင့်မီတဲ့ကျောင်းကို နိုင်ငံတော်ကနေ   ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကြောင့်   ငွေကြေးအများကြီးကျခံပြီး   နိုင်ငံခြား သွားသင်စရာ  မလိုတော့ပါဘူး။   တကယ်တော့ Naypyitaw State Academy ဟာ ကျောင်းသား ကျောင်းသူတွေအတွက် သူတို့ရဲ့ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို အထောက်အကူပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကိုလည်း ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မား တဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ပြည့်စုံတဲ့ ဘွဲ့ရ ပညာတတ်၊ ပညာရှင်ကြီးတွေဖြစ်အောင် သင်ကြားလေ့ကျင့်မွေးထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အရေ အတွက်ထက် အရည်အသွေးကို ဦးစားပေးသွားရ မှာဖြစ်ပြီး  နောင်မှာ   အရည်အသွေးမြင့်မားတဲ့ ပညာရှင်တွေအရေအတွက်များများ မွေးထုတ်ပေး နိုင်တော့မှာဖြစ်ပါတယ်။

 


ပညာရေးမြို့တော်


မြန်မာနိုင်ငံမှာ  ယခုဖွင့်လှစ်တဲ့   Naypyitaw State Academy အပါအဝင် ပညာရေးဝန်ကြီးဌာန အောက်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်း နဲ့ ဝန်ကြီးဌာန ၁၁ ခု ရဲ့တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းတွေ   အပါအဝင်   စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။ နေပြည်တော်မှာလည်း Naypyitaw State Aca-demy သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်     ကုသရေးတက္ကသိုလ်တို့ရှိပြီး မကြာခင်အချိန်မှာ  နည်းပညာတက္ကသိုလ်အဆင့်တိုးမြှင့်မယ့်   တက္ကသိုလ်တစ်ခုပေါ်ထွက်လာမှာ ဖြစ်လို့ ပညာရေးမြို့တော်အဖြစ် ထင်ရှားလာတော့ မှာ ဖြစ်ပါတယ်။
Naypyitaw State Academy ကို  အရည် အသွေးမြင့်တဲ့ သင်ကြားသင်ယူမှုနည်းစနစ်တွေ၊ နိုင်ငံတကာ အဆင့်မီသင်ရိုးညွှန်းတမ်းတွေ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းတွေ၊   ခေတ်မီလက်တွေ့ ခန်းသုံးပစ္စည်းတွေ၊ သုတေသနဓာတ်ခွဲခန်းတွေ၊ ခေတ်မီစာကြည့်တိုက်တွေ   စသည့်လိုအပ်တဲ့  Facilities  တွေ အပြည့်အစုံဖြည့်ဆည်းကာ စာသင် ကောင်းပြီး အမှန်တကယ်တော်တဲ့ ဆရာ ဆရာမ တွေက သင်ကြားမှာ ဖြစ်ပါတယ်။ မကြာမီနှစ်တွေ အတွင်းမှာ  ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် တွေကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာ တော့မှာဖြစ်ပါတယ်။

 


ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်      ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၁၁  ရက်အထိ သွားရောက်ခဲ့ပါတယ်။ အဲဒီလိုသွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နဲ့လည်း   ရင်းရင်းနှီးနှီး   တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုခဲ့ပါတယ်။ ရုရှား-မြန်မာ မိတ်ဆွေ ညီအစ်ကို နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအသစ်တွေ ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေ ဆွေးနွေးနိုင်ခဲ့ပါတယ်။ လာမယ့်နှစ် မှာ  မြန်မာ - ရုရှား  နှစ်နိုင်ငံ   သံတမန်ဆက်ဆံမှု (၇၅)နှစ် ပြည့်မြောက်မှာဖြစ်လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြား၊ တပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်းတွေ တည်ဆောက် နိုင်ခဲ့ပါတယ်။ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တွေကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုလည်း ပါဝင်ခဲ့ပါတယ်။ ဒါဟာ မြန်မာ နိုင်ငံမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Naypyitaw State Academy ဖွင့်ပွဲအခမ်းအနား အမှာစကားမှာ နေပြည်တော်၌ Naypyitaw State Academy ဖွင့်လှစ်ပြီး အဆင့်မြင့်ပညာရေးအတွက် အားဖြည့်ပေးသကဲ့သို့  နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် တွေ၊ ကျောင်းတွေမှာလည်း ပညာအဆင့်မြင့်သည် ထက်မြင့်မားလာအောင်  ကြိုးပမ်းအားထုတ်ပြီး မြန်မာ့ပညာရေးကို မြှင့်တင်ပေးကြရန်၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှဖွင့်လှစ် ပေးသည့်  Naypyitaw   State   Academy တွင် အဆင့်အတန်းမြင့်မားသည့် ပညာရပ်တွေသင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိ နိုင်ငံတော်အကျိုးတို့ကို  သယ်ပိုးထမ်းဆောင်သွား ကြရန်၊ ယခုတက္ကသိုလ်ကြီးက ပညာရှင် ပညာတတ် တွေ  စဉ်ဆက်မပြတ်မွေးထုတ်ပြီး   အနာဂတ် ခေါင်းဆောင်တွေ၊ နိုင်ငံ့သားကောင်းတွေ ပေါ်ထွန်း လာအောင်ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံအကျိုးပြု သင်ကြားလေ့ကျင့်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးကြရန်၊  Naypyitaw   State Academy ကြီး အဆင့်မြင့်သည်ထက်မြင့်    ကောင်းသည်ထက် ကောင်းပြီး ကမ္ဘာ့အဆင့်မီ  တက္ကသိုလ်ကြီးတစ်ခု အဖြစ်   တက်လှမ်းနိုင်အောင်   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါတယ်။

 


“ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများဖြင့် အစပြု” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပညာရှင်ဆရာ၊ ဆရာမတွေက ပညာရေးတိုးတက်အောင်ပြုပြင် ပြောင်းလဲဆောင်ရွက်နေမှသာ သင်ယူသူကျောင်းသား ကျောင်းသူတွေကလည်း ပညာရေးတိုးတက်နေမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နဲ့ ဒီကလေးတွေဟာ အနာဂတ်မှာ နိုင်ငံတော်ကို ခေါင်းဆောင်နိုင်သူတွေ ဖြစ်ရမယ်။ ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်ထက်မြက်သူတွေဖြစ်ရ မယ်။  ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ လိမ္မာ ရေးခြားရှိသူတွေဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့သင်ကြား ပြသပေးကြရမှာ ဖြစ်ပါတယ်။ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုတဲ့ မြန်မာ့ဆိုရိုးအတိုင်း အရည် အချင်းပြည့်ဝပြီး   ဘက်စုံထူးချွန်တဲ့၊    ဆရာ ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ ဆရာ ဆရာမတွေနှင့်သာ မိမိတို့တပည့်တွေကို လူတော် လူကောင်းဖြစ်ပြီး ဗလငါးတန်နှင့် ပြည့်ဝတဲ့ လူငယ်တွေဖြစ်အောင် မွေးထုတ်နိုင်မှာဖြစ်ပါတယ်။

 


အဆိုပါ   Naypyitaw    State   Academy ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်သည့်ပညာတတ်လူငယ်တွေ မွေးထုတ်ပေးနိုင် ရေးရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  လမ်းညွှန်မှုဖြင့်   နေပြည်တော် ကောင်စီနယ်မြေ   ဇမ္ဗူသီရိမြို့နယ်၌    ယခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော်တည်ဆောက် ခဲ့ခြင်းဖြစ်ပါတယ်။ ပညာသင်ယူသူတွေ အဆင်ပြေ ချောမွေ့စေရန်အတွက် စာသင်ဆောင်တွေ၊ စုဝေး ခန်းမကြီး၊  သင်ကြားရေးနှင့်   အုပ်ချုပ်ရေးဆိုင်ရာ ရုံးခန်းတွေ၊ စာသင်ခန်းတွေ၊  ဓာတ်ခွဲခန်းတွေနှင့် စာကြည့်တိုက်တို့ကို    ပြည့်စုံစွာဖြင့်   ထည့်သွင်း တည်ဆောက်ထားရှိပါတယ်။    နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေရဲ့  သားသမီးတွေ   အပါအဝင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ   ဒေသခံ ပြည်သူတွေရဲ့     သားသမီးတွေအနေဖြင့်လည်း အဆင့်မြင့်ပညာတွေကို   သင်ကြားနိုင်မှာဖြစ်တာ မို့ Naypyitaw State Academy ကို ဝမ်းမြောက် ဝမ်းသာစွာကြိုဆိုပါတယ်။

 


စာရေးသူအနေနဲ့ဒီဆောင်းပါးကို ရေးဖြစ်တဲ့ အကြောင်းလေးကိုလည်း အကျဉ်းချုပ်ပြောပြချင်ပါ တယ်။ စာရေးသူရဲ့သားဟာ  ၂၀၁၂  တက္ကသိုလ်ဝင် စာမေးပွဲမှာ သုံးဘာသာဂုဏ်ထူး၊ အမှတ်ပေါင်း ၄၅၀ ကျော်နဲ့ အောင်မြင်ခဲ့တာမို့ သူ့ရမှတ်နဲ့လိုက်ဖက်ညီ တဲ့တက္ကသိုလ်ကို  ပို့ခဲ့ရပါတယ်။  အဲဒီတက္ကသိုလ် မှာ  ခြောက်နှစ်ကြာ   ပညာသင်ကြားခဲ့ရပါတယ်။ ခြောက်နှစ်တာ ကာလပတ်လုံးမှာ အဆောင်ငှားပြီး နေထိုင်ကျောင်းတက်ရတာမို့ လွန်စွာပဲအခက်အခဲနဲ့ ကြုံတွေ့ရပါတယ်။ အဆောင်လခကလည်း ဈေးကြီး လှတဲ့အတွက်   ကုန်ကျငွေဟာ    များလှပါတယ်။ ဝန်ထမ်းမိသားစုဖြစ်တာမို့ အဝေးမှာရှိတဲ့သားမှာ အခက်အခဲတစ်ခုခုရှိနေရင်တောင် အချိန်မပေး နိုင်တဲ့အဖြစ်မျိုးပါ။ ဪ ... အခုတော့ကျွန်တော် တို့ နေပြည်တော်သားတွေ၊ မိဘတွေ ကျောင်းသား ကျောင်းသူတွေအတွက် ဒီလိုမျိုးတက္ကသိုလ်ကျောင်း တော်ကြီးပေါ်ပေါက်လာပြီဖြစ်လို့ ကျွန်တော့်လိုမျိုး ဒုက္ခတွေမကြုံရတော့ဘူးဆိုတဲ့    အလွန့်အလွန် ဝမ်းသာအားရစိတ်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် လည်း ဒီဆောင်းပါးကို ကြိုးကြိုးစားစား  ရေးသား တင်ပြလိုက်ရခြင်းဖြစ်ကြောင်းပါခင်ဗျာ။      ။