နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ၏ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံများ

 

တွေ့ဆုံမေးမြန်း - သစ္စာ (MNA)
ဓာတ်ပုံ- ဇွဲမာန်
 

အကြိမ်(၃၀)မြောက်   တပ်မတော်ဆေး ပညာနှီးနှောဖလှယ်ပွဲကြီးကို ပြည်တွင်း၊ ပြည်ပမှဆေးပညာရှင်များ၊ ပါရဂူများဖြင့် ပြင်ဦးလွင်မြို့၊ အမှတ်(၁)  တပ်မတော် ဆေးရုံကြီး(ခုတင် - ၇၀၀)တွင် အောက်တို ဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက် မြိုက်စွာ     ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ အဆိုပါကွန်ဖရင့်အကြို အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန် မြို့ မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာ အသုံးပြုခွဲစိတ်လေ့ကျင့်ရေး ခန်းမဆောင် ၌  စက်တင်ဘာ  ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါ ဆိုင်ရာ ပါမောက္ခများ၊ စစ်ဘက်နှင့်အရပ် ဘက် အရိုးအထူးကုဆရာဝန်များ၊ အိန္ဒိယ နိုင်ငံမှ ထင်ရှားကျော်ကြားသော လက်ပိုင်း ဆိုင်ရာ   ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ် တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသား များ တက်ရောက်ခဲ့ကြပြီး သက်မဲ့ခန္ဓာကို အသုံးပြု၍ လက်တွေ့လေ့ကျင့်သင်ကြား ဆွေးနွေးခွင့်ရရှိခဲ့သည့် အလုပ်ရုံဆွေးနွေး ပွဲမှ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံတို့ကို ဖော်ပြလိုက်ပါသည်။
ဗိုလ်မှူးချုပ် ခင်အောင်ထွန်း 
(တပ်မတော်ဆေးတက္ကသိုလ် 
ပါမောက္ခချုပ်)
တပ်မတော်  ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့ အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆိုင်ရာ ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆  ရက်နဲ့ ၂၇  ရက်တို့မှာ ကျင်းပခဲ့တာဖြစ်ပါ တယ်။ မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့အနေနဲ့    ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တာ အကြိမ် (၃၀)ရှိပါပြီ။ ဒီနှစ် အကြိမ်(၃၀)မြောက် ကွန်ဖရင့်က ထူးခြားပါတယ်။ အရင်က ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပြီးတော့ ဒီနှစ် ပြင်ဦးလွင်မြို့မှာ     ကျင်းပသွားမှာပါ။ ပြင်ဦးလွင် အမှတ်(၁) တပ်မတော်ဆေးရုံ ကြီး (ခုတင်-၇၀၀)ဟာ နှစ်(၁၀၀) ပြည့် ခဲ့ပြီး ဆေးရုံကြီးအနေနဲ့ တပ်မတော်နဲ့ တိုင်းပြည်အကျိုးကို  ထမ်းဆောင်ခဲ့တာ နှစ်ပေါင်း(၁၀၀)  ပြည့်မှုကို   ဂုဏ်ပြုတဲ့ အနေနဲ့ ဆေးပညာနှီး နှောဖလှယ်ပွဲကြီးကို ပြင်ဦးလွင်မြို့မှာ ကျင်းပသွားမှာ  ဖြစ်ပါ တယ်။  ဒီနှစ်  ညီလာခံမှာ   အလုပ်ရုံ ဆွေးနွေးပွဲနှစ်ခုပြုလုပ်ဖို့ စီစဉ်ဆောင်ရွက် ထားပါတယ်။ ကျင်းပပြုလုပ်ခဲ့တဲ့   Flap Surgery in Combat Medical Care ဆိုတဲ့  အလုပ်ရုံဆွေးနွေးပွဲက   ညီလာခံ အကြို အလုပ်ရုံဆွေးနွေးပွဲ တစ်ခုဖြစ်ပါ တယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို တပ်မတော် ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ဦးစီးဆောင်ရွက်တာ ဖြစ်ပါတယ်။ 
Flap Surgery in Combat Medical Care  ဆိုတာက   စစ်မြေပြင်ဒဏ်ရာ (သို့မဟုတ်) အခြားသောထိခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာတွေမှာ   ဒဏ်ရာပြန်လည် ပိတ်ဖို့ မလွယ်ကူတဲ့ကိစ္စတွေမှာ အခြား တစ်နေရာက အသားအစားထိုးပြီး ခွဲစိတ် ကုသတဲ့နည်းလမ်းမျိုးစုံကို   လက်တွေ့ လေ့လာဆွေးနွေးကြတဲ့ အလုပ်ရုံဆွေးနွေး ပွဲတစ်ခု  ဖြစ်ပါတယ်။    ဒီအစီအစဉ်ကို အောင်မြင်ဖို့    အရိုးရောဂါပညာဌာနနဲ့ တပ်မတော်ဆေးတက္ကသိုလ်တို့ ကြိုးစား ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲက ခွဲစိတ်မှုပိုင်းဆိုင်ရာလေ့ကျင့် မှုမှာဆိုရင် တပ်မတော်ဆေးတက္ကသိုလ်မှာ လာရောက်လှူဒါန်းထားတဲ့  သက်မဲ့ဆရာ ( Silent Mentor ) လို့ အမည်ပေးထားတဲ့ သက်မဲ့ခန္ဓာနဲ့   ခွဲစိတ်လေ့ကျင့်တာပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အရေးအကြီးဆုံး ဟာ   သက်မဲ့ဆရာများ   ဖြစ်ပါတယ်။ ကြည်ဖြူစွာနဲ့    လေ့ကျင့်သင်ယူခွင့်ရ အောင်  ခန္ဓာကို   လှူဒါန်းခဲ့တဲ့အတွက် သက်မဲ့ဆရာများအဖြစ်   ဂုဏ်ပြုခေါ်ဝေါ် ထားပါတယ်။ 
အထူးသဖြင့် သက်မဲ့ခန္ဓာကို အသုံးပြု တဲ့ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက် ရာမှာ ခက်ခဲပါတယ်။ ဒီလိုအခက်အခဲတွေ ကြားက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ အနေနဲ့ နောင်အနာဂတ်မှာ ပါရဂူ ဖြစ်လာ မယ့် ပါရဂူလောင်းများအတွက် လေ့ကျင့် သင်ကြားပေးဖို့   လိုအပ်နေတာကြောင့် မဖြစ်မနေဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ အိန္ဒိယနိုင်ငံက လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသပါရဂူတစ်ဦးကို    ဖိတ်ခေါ်ပြီး ခွဲစိတ်မှုပိုင်းဆိုင်ရာမှာ ပူးပေါင်းဆောင် ရွက်နိုင်ခဲ့တာကြောင့် အလုပ်ရုံဆွေးနွေးပွဲ ဟာ မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ အနေနဲ့   အရိုးရောဂါပညာ   အစားထိုး ခွဲ စိတ်ကုသမှုနယ်ပယ်မှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။
ဒေါက်တာ မိုဟစ်ရှာမား 
(အိန္ဒိယနိုင်ငံ ဒေလီမြို့လက်ပိုင်းဆိုင်ရာ 
ခွဲစိတ်အထူးကု ဆရာဝန်ကြီး)
ကျွန်တော်က အိန္ဒိယနိုင်ငံ ဒေလီမြို့  လက်ပိုင်းဆိုင်ရာနဲ့  ပြုပြင်အစားထိုးမှု ဆိုင်ရာ  ပါမောက္ခဌာနမှူး   ဒေါက်တာ မိုဟစ်ရှာမား ဖြစ်ပါတယ်။   တပ်မတော် ဆေးတက္ကသိုလ်  အရိုးရောဂါပညာဌာန က ဒုတိယဗိုလ်မှူးကြီး   ဟိန်းလတ်ဝင်း ဖိတ်ကြားမှုနဲ့ အကြိမ် (၃၀)မြောက် ဆေး ပညာနှီးနှောဖလှယ်ပွဲအကြို   အလုပ်ရုံ ဆွေးနွေးပွဲမှာတက်ရောက်ခဲ့တာ ဖြစ်ပါ တယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ လူငယ်ဆရာဝန်တွေကို ပြုပြင်အစားထိုးခွဲစိတ်ပညာနဲ့သက်ဆိုင် တဲ့ ခွဲစိတ်ပညာရပ်တွေကို Silent Mentor လို့ခေါ်တဲ့    သက်မဲ့ခန္ဓာကိုအသုံးပြုပြီး လေ့ကျင့်သင်ကြားမှုကို     လာရောက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေဟာ ခက်ခက်ခဲခဲ ဆောင်ရွက်ရလေ့ ရှိပါတယ်။ ယေဘုယျ အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှာပဲ ဆောင်ရွက် နိုင်ကြတာပါ။ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနအနေနဲ့   စစ်ဘက်၊ အရပ်ဘက်နဲ့   ပြည်တွင်း၊   ပြည်ပက ဆေးပညာရှင်တွေကိုစုစည်းပြီး ဒုတိယ အကြိမ် နိုင်ငံတကာအဆင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ   တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ရဲ့သမိုင်းမှာ မှတ်ကျောက် တင်နိုင်ခဲ့ပါပြီ။ ဒီလို အရိုးရောဂါနယ်ပယ် က ဆေးပညာရှင်တွေရဲ့ စုပေါင်းစွမ်းအား နဲ့  နိုင်ငံတကာအဆင့်မီ   ဂုဏ်သိက္ခာ မြင့်မားတဲ့ ပထမဆုံးသော  သက်မဲ့ခန္ဓာ ကိုအသုံးပြုတဲ့     လက်တွေ့လေ့ကျင့် သင်ကြားပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲကြီး အောင်မြင်စွာ   ကျင်းပနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့    ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။     ကျေးဇူးတင်ပါ တယ်။ 
ဒေါက်တာ ရဲလင်းနိုင် ( ဆေးတက္ကသိုလ်(၁) 
ဆေးလက်တွေ့ပါရဂူ 
ဘွဲ့လွန်သင်တန်းသား)
အခုလို    အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် တပ်မတော် အရိုးရောဂါပညာဌာနက    ပါမောက္ခ ဌာနမှူးနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဆေးပညာနှီးနှော ဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံခြားက လာရောက်သင်ကြားပေးတဲ့ ဆရာဝန်တွေအပြင် ဆေးတက္ကသိုလ်(၁)(၂)က ပါမောက္ခ လက်ခွဲစိတ်ဆရာဝန်ကြီး များ၊   တပ်မတော်ဆေးတက္ကသိုလ်က လက်ခွဲစိတ်ပါရဂူများ    လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ကိုယ်တိုင်လူနာကို ခွဲစိတ် နေရသလို   သက်မဲ့ခန္ဓာကိုအသုံးပြုပြီး လက်တွေ့လေ့ကျင့်   ခွဲစိတ်ရတဲ့အတွက် စာတွေ့၊ လက်တွေ့ပိုင်းဆိုင်ရာမှာ အကျိုး ကျေးဇူးရရှိပါတယ်။   ဒီလို   အလုပ်ရုံ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ဆိုရင် အဘက် ဘက်က လိုအပ်ချက်ကို  ဖြည့်စွမ်းနိုင်မှသာ အောင်မြင်တာပါ။ 
အထူးသဖြင့် သင်ထောက်ကူပစ္စည်း များနဲ့ ရုပ်ဝတ္ထုလိုအပ်လေ့ရှိတာကြောင့် ကျွန်တော်တို့လို ပါရဂူဘွဲ့လွန်သင်တန်း သားတွေအတွက်   အင်မတန်လိုအပ်တဲ့ သင်တန်းတစ်ခုလည်း          ဖြစ်ပါတယ်။ နိုင်ငံခြားက သင်တန်းဆရာ၊ ပြည်တွင်းက ခွဲစိတ်ပါရဂူကြီးတွေလည်း      ပါဝင်တဲ့ အတွက် နိုင်ငံတကာအဆင့်မီသင်တန်းလို့ ပြောရမှာပါ။    စာတွေ့၊   လက်တွေ့နဲ့  အပြန်အလှန်    ဆွေးနွေးနိုင်တဲ့အပြင် ဗီဒီယိုဖိုင်နဲ့   အသေးစိတ်သင်ကြားပေး တဲ့အတွက်   ဆေးပညာပိုင်းဆိုင်ရာမှာ အကျိုးဖြစ်ထွန်းစေတဲ့ အလုပ်ရုံဆွေးနွေး ပွဲတစ်ခုဖြစ်ပါတယ်။ အခုလို တက်ရောက် သင်ကြားနိုင်ဖို့  စီစဉ်ဆောင်ရွက်ပေးတဲ့  တပ်မတော် ဆေးတက္ကသိုလ်  အရိုးရောဂါ ပညာဌာနက      ပါမောက္ခဌာနမှူးနဲ့   သင်ကြားပေးတဲ့  ပြည်တွင်း၊ ပြည်ပက ပါမောက္ခ၊ ဌာနမှူး များ၊ လုပ်ဖော်ကိုင်ဖက် များအားလုံးကို     ကျေးဇူးအထူးတင် ပါတယ်။    ယခုလို    သင်ကြားလေ့ကျင့် ခွင့်ရတဲ့အတွက်      ဝမ်းမြောက်ဂုဏ်ယူ ပါတယ်။