
နေပြည်တော် နိုဝင်ဘာ ၂၂
မြန်မာ့စက်ဘီးအားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေ ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ သွေးစည်း ညီညွတ်ရေး အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း (အဆင့်-၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
စေလွှတ်ယှဉ်ပြိုင်နိုင်
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာနအနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး အရှိန် အဟုန်ပြင်းစွာဖြင့် တွန်းအားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားမှ တာဝန်ရှိသူများကို ပြည်တွင်းအားကစားပြိုင်ပွဲများ အပြင် နိုင်ငံတကာ အားကစား အတွေ့အကြုံများ ရရှိစေရန် အတွက် ပြည်ပနိုင်ငံများသို့ သင်တန်းများ စေလွှတ်ပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်အနေဖြင့် စက်ဘီး အားကစားနည်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပြည်တွင်းစက်ဘီး ပြိုင်ပွဲများ၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ များကို အောင်မြင်စွာကျင်းပနိုင်ခဲ့ ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲ များနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများ သို့ မြန်မာနိုင်ငံမှ အားကစားသမား များကို စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ ကမ္ဘာ့စက်ဘီး အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံရ သည့် နည်းစနစ်ကျွမ်းကျင်သူ အင်္ဂလန်နိုင်ငံမှ Dr. Chester Alexander Hill က နှုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်း သား သင်တန်းသူများနှင့် တာဝန် ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်းရှိ Multipurpose Hall ၌ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်