နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက်ဆရာတော်ကြီး သီတင်းသုံးရာ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိ

 

မန္တလေး   ဧပြီ   ၁၄


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့    ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ    ဗန်းမော် ကျောင်းတိုက်ဆရာတော်ကြီးသည်  ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ ခဲ့ပြီး  ကျန်းမာရေးကောင်းမွန်စွာဖြင့် မန္တလေး မြို့သို့ ယနေ့ညနေပိုင်းတွင်  ပြန်လည်ကြွရောက် လာရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  ၎င်းတို့၏ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး   ပြည်သူ့ကျန်းမာရေး နှင့်  ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်  ဒေါက်တာဝင်းနိုင်နှင့်အတူ   အထူးကု ဆရာဝန်ကြီးများ၊ ဆရာတော်ကြီး၏ တပည့် ဒါယကာ   ဒါယိကာမများနှင့်   ဆွေတော် မျိုးတော်များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုဖူးမြော်ကြသည်။ 

 


ဆရာတော်ကြီးသည်   MAI လေကြောင်း လိုင်းဖြင့် ထိုင်းနိုင်ငံ  သုဝဏ္ဏဘူမိလေဆိပ် မှ ထွက်ခွာလာပြီး  မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၂ နာရီတွင်  ဆိုက်ရောက် ကာ    ဆရာတော်ကြီးအား    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် အဖွဲ့များက ခရီးဦးကြိုဆိုဖူးမြော်ကြသည်။

 


ထို့နောက်    လေဆိပ်နားနေဆောင်၌ ဆရာတော်ကြီးသည်    ခေတ္တသီတင်းသုံးကာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ    ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့်အတူ အထူးကုဆရာဝန် ကြီးများက ဆရာတော်ကြီးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။ 

 


ဆက်လက်၍   လေဆိပ်နားနေဆောင်မှ တစ်ဆင့်  ဆရာတော်ကြီး သီတင်းသုံးရာ မဟာ အောင်မြေမြို့နယ်ရှိ  ဗန်းမော်ကျောင်းတိုက်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဦးမောင်ကို၊  မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့များက ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီး၏ကျန်းမာရေး အခြေအနေ များနှင့်ပတ်သက်၍ လျှောက်ထားကာ လိုအပ် သည်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်