နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ၏ နှစ်သစ်ကူးဆုတောင်း

 

မေတ္တသုတ်လာ မေတ္တာပွားနည်း ဆုတောင်းနည်း ၁၁ နည်းဖြင့်
ဆုတောင်းမေတ္တာပို့ပါသည်

 


 ၁။    လုံးစုံများစွာ  သတ္တဝါ     ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဧကကပွားနည်း
၂။     ကြောက်တတ် မကြောက်တတ် ၂ ရပ်များစွာ သတ္တဝါ   ချမ်းသာကိုယ်စိတ်မြဲပါစေ၊   ဒုက မေတ္တာပွားနည်း
၃။    ရှည်တိုအလတ် ၃ ရပ်ခန္ဓာသတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ တိကမေတ္တာပွားနည်း(က)
၄။    ကြီးငယ်အလတ် ၃ ရပ်ခန္ဓာသတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ တိကမေတ္တာပွားနည်း(ခ)
 ၅။     ဆူကြုံအလတ် ၃ ရပ်ခန္ဓာသတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ တိကမေတ္တာပွားနည်း(ဂ)
 ၆။     မြင်အပ် မမြင်အပ် ၂ ရပ်များစွာ   သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊       ဒုကမေတ္တာ ပွားနည်း 
၇။     ဝေးနေ နီးနေ ၂ ထွေများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ ဒုကမေတ္တာပွားနည်း
 ၈။     ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ ဒုကမေတ္တာပွားနည်း 
၉။     လူအချင်းချင်းလှည့်ပတ်ခြင်း   ကင်းရှင်းကြပါ စေ၊ ဧကကမေတ္တာပွားနည်း 
၁၀။    အထင်သေးချင်း အချင်းချင်း ကင်းရှင်းကြပါ စေ၊ ဧကကမေတ္တာပွားနည်း 
၁၁။     ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဧကကမေတ္တာပွားနည်း
    ဧကကမေတ္တာပွားနည်း    ၄ နည်း
    ဒုကမေတ္တာပွားနည်း    ၄ နည်း
    တိကမေတ္တာပွားနည်း    ၃ နည်း
        ၁၁ နည်း

 


ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ
(အဘိဓဇမဟာရဋ္ဌဂုရု၊ 
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ)
       နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ 
   ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ မန္တလေးမြို့