
ရန်ကုန် စက်တင်ဘာ ၂၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဓမ္ဓဝိဟာရကျောင်းဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ သဘာပတိ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ က သြဝါဒကထာ မြွက်ကြားရာတွင် ဗုဒ္ဓစာပေများကို သင်ကြားဖြန့်ဝေ ရာတွင် ခေတ်စနစ်များ ပြောင်းလဲ မှုကြောင့် ယနေ့ခေတ်တွင် တက္ကသိုလ်ပုံစံ အဆင့်မြင့်သင်ကြား ပို့ချသည့်ပုံစံများ ထွန်းကားလာ သည့်အတွက် ဗုဒ္ဓ၏တရားတော် များသည်လည်း ပိုမို၍ လူထု ပရိသတ်အကြား ထိုးဖောက်ဝင် ရောက် ထွန်းကားနေပြီဟု ယူဆ ကြောင်း၊ ယနေ့ခေတ် သင်ကြား ရေးစနစ်များကြောင့် ခေတ်မီ အထောက်အကူပြု ပစ္စည်းများ ကြောင့် ဆရာရော တပည့်ပါ လွယ်လွယ်ကူကူဖြင့် မပင်မပန်း ဘဲ ဓမ္မများကို လေ့လာသိရှိနိုင် ကြပြီဟုဆိုနိုင်ကြောင်း၊ ရန်ကုန် မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ် ထားရှိသည့် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များသည် လည်း သက်တမ်းရှည်ကြာလာခဲ့ ပြီဖြစ်ရာ အတွေ့အကြုံများလည်း ပိုမိုပြည့်ဝလာပြီဟု ယူဆကြောင်း မြွက်ကြားသည်။
လျှောက်ထား
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက် ထားသည်။
ဆက်လက်၍ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးမှတ်တမ်းကို တင်ပြ အတည်ပြုချက်ရယူခြင်း၊ ဗဟို ပညာရေးအဖွဲ့ (၂/၂၀၂၃) အစည်း အဝေး၏ တင်ပြချက်များအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခြင်း၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်၊ မန္တလေး) တို့မှ တင်ပြ ချက်များအပေါ် ဆွေးနွေးဆုံးဖြတ် ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်၊။ အစည်းအဝေးအပြီးတွင် ဒုတိယ ဝန်ကြီးက ကြွရောက်တော်မူလာ ကြသော ဆရာတော်သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ အာရှတော်ဝင်ဆေးရုံ ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် လှည်းကူး မြို့နယ် ပြည်တော်သာရပ်ကွက် ဝါးရုံတောသာသနပါလ ကျောင်း တိုက် ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိသုတာဘိဝံသ အား သွားရောက်ဖူးမြော်၍ ကျန်းမာရေးအခြေအနေ မေးမြန်း လျှောက်ထားကာ ဆရာတော်ကြီး အား လှူဖွယ်ပစ္စည်းနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းသော နဝကမ္မအလှူတော် ငွေကျပ် သိန်း ၁၀၀ ကို ဆက်ကပ် လှူဒါန်းသည်။
သတင်းစဉ်