
နေပြည်တော် ဇူလိုင် ၁၇
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး များ၏ ဩဝါဒနှင့်အညီ အဋ္ဌကထာ ကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အလှူတော် ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ရန်ကုန်မြို့ သန်လျင်မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့မှ လူမှုရေးဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ငါးပါးသီလခံယူဆောက်တည်
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စု ဝန်ကြီးအမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်အား နာယူကြည်ညိုကြသည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူ လာကြသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး များအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ က အဋ္ဌကထာကျမ်းစာအုပ် များကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည် ပုံနှိပ်ထုတ်ဝေနိုင်ရေးနှင့်ပတ်သက်၍ သမ္မောဒနီယ ကထာ လျှောက်ထားမြွက်ကြားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဋ္ဌကထာကျမ်းစာအုပ်များ သတ်မှတ်ချိန်အမီ ပုံနှိပ် ထုတ်ဝေနိုင်ရေးအတွက် ဆရာတော်ကြီးများ၏ သြဝါဒကိုနာခံပြီး ကွန်ပျူတာကျွမ်းကျင်သူများနှင့် ဝန်ကြီးဌာနမှဝန်ထမ်းများက စေတနာအပြည့်ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဋ္ဌကထာကျမ်းစာအုပ်ထုတ်ဝေရေးအဖွဲ့ နာယကဆရာ တော်ကြီးများ၏ ကျမ်းစာအုပ်များ စိစစ်တည်းဖြတ် ခဲ့ကြမှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း လျှောက်ထားတင်ပြသည်။
မြွက်ကြားချီးမြှင့်
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာ ကြသည့် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင် တိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများက ဩဝါဒကထာ များ မြွက်ကြားချီးမြှင့်တော်မူကြသည်။
ယင်းနောက် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အလှူရှင်များဖြစ်ကြ သည့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဆေကိန္ဒ၊ ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက (လှရတနာ) ဆရာတော် ဘဒ္ဒန္တနာရဒါ ဘိဝံသ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ သားသမီးမြေးများ မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့်မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မိသားစု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်းနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မိသားစု၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် မိသားစု၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် မိသားစု၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မိသားစု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ အလှူရှင်များ၊ ဒုတိယဝန်ကြီးများနှင့် အလှူရှင် များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ရေစက်သွန်းလောင်းအမျှပေးဝေ
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါ သေဋ္ဌာဘိဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေ ခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာ စာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေ နိုင်ရေး အလှူတော်ငွေလှူဒါန်းပွဲ အခမ်းအနားတွင် ဇူလိုင် ၁၆ ရက်အထိ စေတနာရှင်၊ အလှူရှင် ၄၁ ဦးတို့က စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ် ၁၀၆၉၄၂၄,၀၀၀/- (တစ်သောင်းခြောက်ရာကိုးဆယ့် လေးသိန်း နှစ်သောင်းလေးထောင်တိတိ) ဖြစ်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး များနှင့် အလှူရှင်များက ခင်းကျင်းပြသထားသည့် ပုံနှိပ်ထုတ်ဝေပြီးသော ပါရာဇိက ကဏ္ဍ အဋ္ဌကထာ (ပဋ္ဌမောဘာဂေါ) အုပ်ရေ ၁၀၀၀၊ သီလက္ခန္ဓဝဂ္ဂဋ္ဌ ကထာ အုပ်ရေ ၁၀၀၀၊ ပါစိတျာဒိအဋ္ဌကထာ အုပ်ရေ ၅၀၀ တို့နှင့် ကွန်ပျူတာစာမူဆောင်ရွက်ပြီး ကျမ်း စာအုပ်များနှင့် Pagoda Digital Directory ရှင်းလင်း ပြသမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်