နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Image not available
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
===================================================================
 
နေပြည်တော် ဖေဖော်ဝါရီ ၁၃
 
နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်း၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။
 
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊
 
ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ၊ လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊တိုင်းရင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့ အစည်းများ၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့၊ ကျောင်းသား ကျောင်းသူ များ၊ အလှူရှင်များနှင့် ဒေသခံမိဘ ပြည်သူများ တက်ရောက်ကြသည်။
 
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။
 
(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့်မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ - ၄ တွင် သီးခြားဖော်ပြထား ပါသည်။)
 
ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းကြေးပြားများကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြ သည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် တိုင်းရင်းသားမောင်မယ်များနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
 
ဆက်လက်၍ နိုင်ငံတော်သမ္မတ သည် ဒုတိယသမ္မတများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းသား မောင်မယ်များနှင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် ဗိုလ်ချုပ်အောင်ဆန်း ကြေး ရုပ်တုဖြစ်မြောက်ရေး ဦးစီးကော်မတီ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ သည် တိုင်းရင်းသားမောင်မယ်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များနှင့် ဒေသခံ မိဘပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
 
သတင်းစဉ်