
ရန်ကုန် ဒီဇင်ဘာ ၁၃
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့မှ ၁၃၈၀-၁၃၈၁ ခု၊ ပညာသင်နှစ် တွင် သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)ဘွဲ့တစ်ပါး၊ သာသနတက္က သီလ မဟာဓမ္မာစရိယ(M.A)ဘွဲ့၁၉ပါး၊ သာသနတက္ကသီလ ဓမ္မာ စရိယ (B.A)ဘွဲ့ ၉၂ ပါး စုစုပေါင်း ၁၁၂ ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၇)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်း အနားကို ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်၊ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်း မြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မဟာဘွဲ့နှင်းသိမ် ဓမ္မာရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်းသဘင်သို့ ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော် များအား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော် ပင့်လျှောက်ထားပါကြောင်း သိရသည်။
သတင်းစဉ်