နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ပွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားစီရင်ရေးစနစ်စာအုပ် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   မေ   ၂၆
နိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၉)  ကြိမ်မြောက်     ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို    ယမန် နေ့က      နိုင်ငံတော်ဖွဲ့စည်းပုံ    အခြေခံဥပဒေဆိုင်ရာ ခုံရုံးအစည်းအဝေးခန်းမ၌    ကျင်းပရာ    နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ           ခုံရုံးဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊         ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်       သုတေသနအရာထမ်း၊    အမှုထမ်းများ   တက်ရောက် ကြသည်။
အဆိုပါ  သုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ခိုင်က “မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာတင်ပြ ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်သီတာတင်နှင့် ဦးစီးအရာရှိ ဦးကျော်လင်း အောင်တို့က  “ကာဇက်စတန်သမ္မတနိုင်ငံ  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကောင်စီက    ဆုံးဖြတ်ခဲ့သည့် အမှုအား    လေ့လာတင်ပြခြင်း”       ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသည့်    ပုဂ္ဂိုလ်များက    သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
နိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သည်   ကမ္ဘာ့နိုင်ငံများအနက်မှ   အထူးပြုလေ့လာ သင့်သောနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလေ့လာခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို      တရားစီရင်ရေးနည်းလမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ရာတွင်      ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးနှင့်  တရားရုံးတို့၏ အခန်းကဏ္ဍများ ကိုလေ့လာခြင်း၊        သုတေသနစာတမ်းဖတ်ပွဲများ နှစ်ပတ်လျှင်တစ်ကြိမ်    ကျင်းပခြင်းနှင့်    ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် စာအုပ်များ          ပြုစုထုတ်ဝေဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။    
ထိုသို့ စာအုပ်များပြုစုထုတ်ဝေလျက်ရှိရာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရာတွင် အောင်မြင်လျက်ရှိကာ မြန်မာနိုင်ငံနှင့် ရှေးနှစ်ပေါင်း များစွာကပင် ချစ်ကြည်ရင်းနှီးသော မိတ်ဆွေကောင်း အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်    တရား စီရင်ရေးစနစ်စာအုပ်ကို            ပထမအကြိမ်အဖြစ် ရေးသားပြုစု ထုတ်ဝေထားသည်။
ထိုစာအုပ်တွင်      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏  ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာဘာသာသို့  ပြန်ဆို လျက် မူရင်းဥပဒေပြဋ္ဌာန်းချက်ဖြစ်သည့်  အင်္ဂလိပ် ဘာသာနှင့်    ယှဉ်တွဲလေ့လာနိုင်ရန်   စီစဉ်ထားရှိပြီး တိုးတက်ပြောင်းလဲလာသော     ဖွဲ့စည်းပုံအခြေခံ ဥပဒေများ၏ နောက်ခံသမိုင်းကြောင်းများ၊  တရား စီရင်ရေးစနစ်နှင့်          ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည့်    မူရင်းဝေါဟာရအသုံးအနှုန်းများကိုပါ     ကောက်နုတ်၍    ဝေါဟာရအသုံး အနှုန်းများအဖြစ်     ဖော်ပြထားရာ   ဥပဒေပညာကို လေ့လာလိုက်စားသော  ဥပဒေပညာရှင်များ၊ ဥပဒေ ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူများ၊ ဥပဒေပညာကို    စိတ်ပါဝင်စားသူများ၊    ဗဟုသုတ ရှာမှီးလိုသူများအတွက် အဖိုးတန်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည့်အပြင် ဥပဒေဘာသာပြန် လေ့လာ နေသူများအတွက်လည်း    အသုံးဝင်မည့်    စာအုပ် ကောင်းတစ်အုပ်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာ  ခုံရုံး က ပြုစုထုတ်ဝေသော   အဆိုပါစာအုပ်ကို  ဝယ်ယူ လိုပါက စာအုပ်တန်ဖိုးငွေကျပ်  ၆၀၀ဝ  ဖြင့် လုပ်ထုံး နှင့်   သုတေသနဌာန  ဖုန်း- ၀၆၇-၃၄၃၀၂၄၃၊  ၀၆၇-၃၄၃၀၂၆၄ သို့ ရုံးချိန်အတွင်း  ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။                              သတင်းစဉ်