
နေပြည်တော် ဇွန် ၂၅
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခရေပင်နှင့်ကုက္ကိုပင်များကို စိုက်ပျိုးခဲ့ကြပြီး ဝန်ထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ လမ်းဘေး ဝဲယာများတွင် အမြဲတမ်းစိမ်းလန်းစိုပြည်စေရေး အတွက် အရိပ်ရအပင်များဖြစ်ကြသော ကုက္ကို၊ ကံ့ကော်၊ စကားဝါ၊ သင်းဝင်၊ ပုန်းညက်၊ ပိတောက်၊ ခရေ၊ စိန်ပန်းဝါ၊ မဟော်ဂနီနှင့် ငုဝါ စသည့်အပင် ပေါင်း ၃၁၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်