
နေပြည်တော် ဧပြီ ၁
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး (၁၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မတ် ၃၀ ရက်က နေပြည်တော် ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များက သင်တန်းထူးချွန်ဆု ရရှိသူများ၊ ရုံးတက်မှန်ဆု ရရှိသူများနှင့် အားကစား ထူးချွန်ဆုရရှိသူများ ကို ဆုများပေးအပ်ဆုချီးမြှင့်ကြ သည်။
ထို့နောက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌက ဝန်ထမ်း ၁၁၉ ဦး အတွက် ရုံးဝတ်စုံ (အမျိုးသား တိုက်ပုံ၊ အမျိုးသမီးကုတ်အင်္ကျီ) များကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၂၀၂၂ ခုနှစ်အတွင်း ဖြတ်သန်း လာသည့် လုပ်ငန်းဆောင်ရွက်မှု Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ (၁၂)နှစ်မြောက် ရုံးနှစ်ပတ် လည် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများကို လက်ကိုင်ဖုန်း များနှင့် အခြားသော ဆုမဲ များ ကံစမ်းမဲဖောက် ပေးအပ် ကြသည်။
ယင်းနောက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည် တော်များသည် ဝန်ထမ်းများနှင့် အတူ ညနေစာ သုံးဆောင်ခဲ့ကြ ပြီး ဝါသနာရှင်ဝန်ထမ်းများ၏ သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ မှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်