
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာ သည် မန္တလေးတိုင်းဒေသ ကြီး၊ မလှိုင်မြို့နယ်၊ ကသစ်ပင်ရွာတွင် ခမည်း တော် ဦးညီဘ၊ မယ်တော် ဒေါ်မြတို့မှ ၁၂၉၂ ခုနှစ်၊ ပြာသိုလဆန်း (၉)ရက်၊ သောကြာနေ့တွင် ဖွားမြင် တော်မူသော သားရတနာ ဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၀၆-ခုနှစ်တွင် ကသစ်ပင်ရွာ၊ ရွှေသာလျောင်းဆရာတော် ဘဒ္ဒန္တပညာသာရကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ၁၃၁၂-ခုနှစ်၊ ဒုတိယဝါဆို လဆန်း(၁၂) ရက်နေ့တွင် ဆည်တောကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရွှေသာလျောင်းကျောင်း ခဏ္ဍသိမ်၌ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်သည် ကသစ်ပင်ရွာကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသာရ တောင်သာမြို့၊ မြင်းတည်းအရှေ့ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယ၊ ဘဒ္ဒန္တဥတ္တရ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တနာရဒ၊ အမရပူရ ဆရာတော် ဘဒ္ဒန္တဥက္ကံသာ ဘိဝံသ၊ နယားဆရာတော် ဘဒ္ဒန္တမေဓိယာဘိဝံသ၊ ဘဒ္ဒန္တနန္ဒဝံသ စသော ဆရာတော်များထံ၌ ပရိယတ္တိစာပေများသင်ယူဆည်း ပူးတော်မူခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့ကို အောင်မြင်ရရှိ တော်မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ၁၃၂၃ ခုနှစ်မှစ၍ ဒက္ခိဏာရာမဘုရားကြီး ကျောင်းတိုက်တွင် စာသင်သားရဟန်း/ သာမဏေများအား စာပေကျမ်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ တိပိဋက ပါဠိပဒကျမ်းညွှန်းနှင့် တိပိဋက ပါဠိမြန်မာအဘိဓာန်ကျမ်းပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်အဖြစ် စသော သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံ ရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ရတ္တညူမဟာ နာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ဂန္ထဓုရာ ဝဟဂုဏ်၊ ပရိယတ္တိ ဝိသာရဒဂုဏ်၊ လဇ္ဇီပေသလသိက္ခာ ကာမဂုဏ်စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၁ ခုနှစ်တွင် “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ”ဘွဲ့၊ ၂၀၀၁ ခုနှစ်တွင် “အဂ္ဂမဟာ ပဏ္ဍိတ” ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါ သည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၂)နှစ်၊ သိက္ခာတော်(၇၂)ဝါအရ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၁)ရက်၊ (၂၉-၁၁-၂၀၂၁)၊ တနင်္လာနေ့၊ မွန်းတည့်(၁၂:၀၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို (၃၀-၁၁-၂၀၂၁)ရက်၊ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်း ရရှိပါသည်။ သတင်းစဉ်