
ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာတွင် ခမည်း တော် ဦးအောင်ဖြူ၊ မယ်တော် ဒေါ်ထေ့တို့မှ ၁၂၉၇ ခုနှစ်၊ တပို့ တွဲလဆန်း(၁၃)ရက်၊ အင်္ဂါနေ့ တွင် ဖွားမြင်တော်မူသော သား ရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၁၃-ခုနှစ်၊ ကဆုန်လဆန်း ၁၀ရက်နေ့တွင် မုဒုံမြို့နယ် ကွမ်လှာကျေးရွာ ကျောင်းကြီး ကျောင်း ဆရာတော်ဘဒ္ဒန္တ သီလတေဇကို ဥပဇ္စျာယ်ပြု လျက် မိဘနှစ်ပါးတို့၏ ပစ္စယာနု ဂ္ဂဟကိုခံယူလျက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါ သည်။ ၁၃၁၈-ခုနှစ်၊ တန်ခူးလ ပြည့်ကျော် ၁၂ရက်နေ့တွင် မုဒုံ မြို့နယ် ကွမ်လှာကျေးရွာ ကျောင်းကြီးကျောင်း ခဏ္ဍသိမ် ၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တသီလတေဇကို ဥပဇ္ဈာယ် ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်သည် မုဒုံမြို့နယ် နှီးပဒေါကျေးရွာ တောရ ကျောင်း ဆရာတော်ဘဒ္ဒန္တ အဂ္ဂ ဒီပ၊ မုဒုံမြို့ ပိန္နဲတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တကေတုသာရ၊ ကိုင်းကုန်းပါဠိ တက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဒဿနစသော ဆရာ တော်များထံ၌ ပရိယတ္တိစာပေ များ သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ကို အောင်မြင်ရရှိတော်မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သံဖြူဇရပ်မြို့ မြို့လယ်ကျောင်းစာသင်တိုက်၌ စာသင်သားရဟန်း/သာမဏေ များအား စာပေကျမ်းဂန်များ သင်ကြားပို့ချ ရေးသားပြုစု တော်မူခဲ့ခြင်း၊ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တွင် မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော် ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်အဖြစ် စသော သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံ ရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုး ကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့ သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆန ဂုဏ်၊ ရတ္တညူမဟာနာယက ဂုဏ်၊ ပိဋကတ္တယ ဆေကဂုဏ်၊ ဂန္ထဓုရာဝဟဂုဏ်၊ ပရိယတ္တိဝိ သာရဒဂုဏ်၊ လဇ္ဇီပေသလ သိက္ခာ ကာမဂုဏ်စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော် ကြီးအား ၂၀၂၀ ပြည့်နှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့ တံဆိပ်တော်မြတ်ကို ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာ တော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက် တော်(၈၆)နှစ်၊ သိက္ခာတော်(၆၆)ဝါအရ ၁၃၈၃ ခုနှစ်၊ တန်ဆောင် မုန်းလဆန်း ၁၀ရက်၊ (၁၃-၁၁-၂၀၂၁)၊ စနေနေ့၊ မွန်းလွဲ ၂:၄၄ နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ဆရာ တော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို (၁၇-၁၁-၂၀၂၁)ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁နာရီတွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သာသနာရေးဦးစီး ဌာနမှ သတင်းရရှိသည်။
သတင်းစဉ်