နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ပုညနိမ္မိတာရာမ(ရွှေသုဝဏ်)ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပ

 

ရန်ကုန်   မေ   ၂၈ 


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပုညနိမ္မိတာရာမ (ရွှေသုဝဏ်)ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ   ဆရာတော်ကြီး၏  အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းတိုက်၌ ဆင်ယင်ကျင်းပသည်။

 


အခမ်းအနားသို့   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ   အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တစိတြဉာဏ အမှူး ပြုသည့်  နိုင်ငံတော်  သံဃမဟာ နာယက      ဆရာတော်ကြီးများ၊ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊   သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်    ဒါယကာ ဒါယိကာမများ      တက်ရောက် ကြည်ညိုကြသည်။ 

 


ငါးပါးသီလခံယူ ဆောက်တည်


ရှေးဦးစွာ    သဗ္ဗေ   သင်္ခါရာ အနိစ္စာတိ   အစချီ   သုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး     နိုင်ငံတော် ဩဝါဒါစရိယ      မိတ္ထီလာမြို့ ရေလယ်ကျောင်းတိုက်   ပဓာန နာယက    အဘိဓဇ   အဂ္ဂမဟာ သဒ္ဓမ္မဇောတိက   ဆရာတော် ဘဒ္ဒန္တလာဘာဝတထံမှ     ဧည့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး  ဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ ပြည်ထောင်စု ဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့       ဝန်ကြီးချုပ်၊ ကွန်ပျူတာမူ ပိဋကတ်ကျမ်းစာ ဒါယကာ    ဦးကျော်ညွန့်တို့က ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား    စိန်ကတ္တီပါလွှမ်း၍ ပူဇော်ကြသည်။ 

 


သဝဏ်လွှာ ဖတ်ကြားပူဇော်


ထို့နောက်  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ပေးပို့သော သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုး တော်ဆောင် ရွှေဘိုမြို့၊ ပါဠိကာရီ ကျောင်းတိုက်    ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစက    ပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ ကလည်းကောင်း ၊ သာသနာရေး နှင့်    ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပေးပို့ဆက်ကပ်သော    ဝမ်းနည်း ကြောင်း  သဝဏ်လွှာကို   ပြည် ထောင်စု  ဝန်ကြီး     ဦးကိုကိုက လည်းကောင်း၊ ဗုဒ္ဓစာပေအဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတ ဓရ ဦးစိန်လှဝင်းက လည်းကောင်း ဖတ်ကြားပူဇော်ကြသည်။
ယင်းနောက်    ဆရာတော် သံဃာတော်များအား       ပြည် ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်    တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယ ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်     ဝန်ကြီးများက      လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ရှမ်း ပြည်နယ် ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်     ပဓာန နာယက      အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရထံမှ သံဝေဂ  ဓမ္မကထာကို  နာယူပြီး ရေစက်သွန်းချ အမျှပေးဝေကြ သည်။ 

 


ဆက်လက်၍     ရွှေသုဝဏ် ဆရာတော်ကြီး၏    ထေရုပ္ပတ္တိ အကျဉ်းကို   ရန်ကုန်တိုင်းဒေသ ကြီး        သင်္ဃန်းကျွန်းမြို့နယ်  သုဝဏ္ဏမြို့သစ်  ဇိနဝါဒီကျောင်း ဆရာတော်    ဘဒ္ဒန္တစန္ဒသိရီက ဖတ်ကြားပူဇော်၍ လမ်းမတော် မြို့နယ် သရက်တောတိုက် သီတာ ရုံကျောင်း     ဆရာတော်ဘဒ္ဒန္တ အရိယဓမ္မ  (ဒီဃဘာဏက)က ပစ္ဆိမဝန္ဒနာ     ဂါထာတော်ဖြင့် ဖတ်ကြားပူဇော်သည်။ 
ထို့နောက်       အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် နောက်ဆုံး တောင်းပန်    ကန်တော့လွှာကို ကချင်ပြည်နယ်  သံဃနာယက အဖွဲ့       အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသို ကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာက တိုင်ကြားပေး၍    တောင်းပန် ကန်တော့ကြပြီး ဆရာတော်ကြီး ၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိက်ဖောင်တော်သို့  လိုက်ပါ ကြွချီတော်မူပါရန်    တောင်းပန် လျှောက်ထားသည့် အဘိယာစန နိမန္တနဂါထာတော်ကို ဝိဇ္ဇာပညာ ထူးချွန်  (ပထမဆင့်)၊     မဟာ သဒ္ဓမ္မဇောတိကဓဇ  ဦးသူရက ဖတ်ကြားလျှောက်ထားသည်။

 


ပင့်ဆောင်


ယင်းနောက် ဆရာတော်ကြီး ၏ ရုပ်ကလာပ်တော်ကို တပည့် သံဃာတော်များက      ဦးစွာ ပင့်ဆောင်ပြီးနောက် ပြည်ထောင်စု ဝန်ကြီး  ဦးကိုကို၊    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်     တပည့် ဒါယကာ       ဒါယိကာမများက ကျောင်းတိုက်မှ  ကရဝိက်ဖောင် နတ်ပန်းရထားပေါ်သို့ ဆက်လက် ပင့်ဆောင်ကြသည်။ ဆက်လက်၍ နတ်ပန်းရထားဖြင့်  လောင်တိုက် တော်သွင်း   ပူဇော်မည့်   သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏဘူမိကွင်းသို့ ပင့်ဆောင်ကြသည်။ 

 


လောင်တိုက်တော်သွင်း


ထို့နောက်     ပြည်ထောင်စု ဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်     တိုင်းမှူး၊ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင်   ဝန်ကြီးများ၊  တပည့် သံဃာတော်များက ဆရာတော် ကြီး၏      ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို လောင်တိုက်တော်သို့ အစီအစဉ် အတိုင်း ပင့်ဆောင်ကြပြီး ဆရာ တော်ကြီး၏ တပည့်သံဃာတော် များ ဖြစ်ကြသည့် ဉူးဝေ ဥယျဓမ္မ၊ ဉူးရာဇိန္ဒ၊  ဉူးဥတ္တမတို့က  မွန်းလွဲ ၃ နာရီခွဲတွင် စက်ခလုတ်နှိပ်၍ အန္တိမအဂ္ဂိဈာပန     သာဓုကီဠန ပူဇာအခမ်းအနားကို လောင်တိုက်  တော်သွင်း   ပူဇော်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်