နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီ တွင် လောကနတ်ခန်းမ၌ ကျင်းပ ရာ တွေ့ဆုံပွဲသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှု ထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ထမ်းများအနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် တစ်ဦး ချင်း ကိုယ်ရည်ကိုယ်သွေးမြင့်မား စေရန် မိမိကိုယ်မိမိ တည်ဆောက် ရန် လိုအပ်ပြီး ကိုယ်စားပြုသော ဌာနနှင့် နိုင်ငံတော်၏ တာဝန်များ ကို ကျေပွန်စွာ ထမ်းရွက်သွား ရန် လိုအပ်ကြောင်း၊ ဝန်ထမ်း ဖြစ်သဖြင့် တစ်ဦးတစ်ယောက်ချင်း အရည်အသွေး မြင့်မားစွာ တည်ဆောက်ပြီး အစုအဖွဲ့ဖြင့် ညီညွတ်စွာ ဆောင်ရွက်မှသာ လုပ်ငန်းတာဝန်များ အောင်မြင် စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်ခုထက်ပိုလျှင် ညီရမည် ဟူသောစကားအတိုင်း ဆောင်ရွက် မှသာ အောင်မြင်နိုင်မည်ဖြစ် ကြောင်း၊ သင်ယူလေ့လာမှုများ ကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ သင်ယူလေ့လာပြီးပါက စဉ်းစား ဆင်ခြင်ဉာဏ်ဖြင့် သုံးသပ်၍ တိုးတက်အောင် လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ အဆင့်မြင့် အရာထမ်းများ အနေဖြင့်လည်း မိမိလက်အောက်ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားတိုးတက်စေ ရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးရန် လိုအပ်ကြောင်း၊ ညီညွတ် စွာဆောင်ရွက်မှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အတွက် သစ္စာရှိရန်မှာလည်း အထူးအရေးကြီးကြောင်း၊ သစ္စာ ပျက်ယွင်းမှုကြောင့် လက်တွဲဖြုတ် ခဲ့ရသည့် သာဓကများရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ အခြေ အနေများကို နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မြင်တွေ့သိရှိပြီးဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုကြောင်း၊ ဝန်ထမ်းများ ပါတီ နိုင်ငံရေးကင်းရှင်းရန် ဥပဒေ ထုတ်ပြန် တားမြစ်ထားခြင်းမှာ ဒီမိုကရေစီ နိုင်ငံတိုင်းလိုလို ဥပဒေ ဖြင့် တားမြစ်ထုတ်ပြန်ထားခြင်း ဖြစ်သည်ကို သိရှိနားလည်လိုက်နာ ရန်လိုကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သဘောသဘာဝ အရ ဝန်ထမ်းများသည် ပြည်တွင်း တစ်လှည့် ပြည်ပတစ်လှည့် သွားရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ပထဝီအနေအထား၊ ပထဝီနိုင်ငံရေး အခြေအနေကို သိရှိ နားလည်သဘောပေါက်ထား ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၏ အခြေအနေအမှန်ကို သိရှိပြီး နိုင်ငံ တကာမျက်နှာစာတွင် အခြားသူ များ နားလည်သဘောပေါက် အောင် ပြောကြားနိုင်ရေးအတွက် သံတမန် ဝန်ထမ်းများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ထမ်းများအနေ ဖြင့် မိမိအောင်မြင်တိုးတက်မှု အတွက် ကြိုးစားရင်း နိုင်ငံတော် နှင့် ပြည်သူများ အကျိုးစီးပွား ဖော်ဆောင်နိုင်ရန် အတ္တဟိတ၊ ပရဟိတ္တ စိတ်ဓာတ်ပြည့်စုံစွာဖြင့် ပေးအပ်သော တာဝန်များကို ညီညွတ်စွာ ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့်လည်း ဝန်ထမ်းများ စိတ်ဓာတ် နှင့် စွမ်းရည်ပြည့်ဝ မှန်ကန်စေ ရေး လေ့ကျင့်ပျိုးထောင်သွားရန် လိုကြောင်း၊ တာဝန်ရှိသော အဆင့်မြင့် အရာထမ်းများအနေ ဖြင့်လည်း ဝန်ထမ်းများ၏ ပင်ကို အရည်အသွေး တိုးတက်မြင့်မား စေရေးအတွက် နည်းလမ်းများ ကြံဆဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ နိုင်ငံတကာ အတွေ့ အကြုံရှိကြသူများ ဖြစ်သည်နှင့် အညီ မိမိတို့၏ အတွေ့အကြုံ များကို ပေါင်းစပ်၍ နိုင်ငံနှင့်နိုင်ငံ သားများအကျိုး ဆောင်ရွက်သွား ရန်လိုကြောင်း၊ သို့မှသာ လုပ်ငန်း များ တိုးတက်အောင်မြင် အောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးအခမ်း အနားသို့ တက်ရောက်လာသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



