နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု နည်းပညာဆိုင်ရာ သုတေသနများ ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ ၂၄


သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်း က      နည်းပညာတက္ကသိုလ် (မန္တလေး)၌    သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနရှိ       ဦးစီးဌာနများ မှ   ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ  ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့်     ဒုတိယ ပါမောက္ခချုပ်များ၊        အစိုးရ နည်းပညာကောလိပ်နှင့်    အစိုးရ စက်မှုလက်မှုသိပ္ပံများမှ   ကျောင်း အုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊    ဒေသခံ    MSME လုပ်ငန်းရှင်များနှင့်   ပြည်သူများ ကို Hybrid စနစ်ဖြင့် တွေ့ဆုံသည်။ 


တွေ့ဆုံစဉ်  ဒုတိယဝန်ကြီးက အမျိုးသားရေး  လုပ်ငန်းစဉ်များ အောင်မြင်စွာ   အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာတွင် လက်တွေ့ကျစွာ အထောက်အကူ ပြုနိုင်ရေး        အားလုံးတက်ညီ လက်ညီဖြင့်  ဝိုင်းဝန်းဆောင်ရွက် ကြရန်၊  ဌာနများ၊ တက္ကသိုလ်/ကျောင်းများရှိ  သင်တန်းများနှင့် သုတေသန    လုပ်ငန်းများသည် နိုင်ငံ့ရေရှည်အကျိုး   ဖော်ဆောင် နိုင်ရေး၊    ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုပံ့ပိုးပေးနိုင်ရေး၊    ခေတ်မီ နည်းပညာများကို    အသုံးချ၍ စက်မှုကုန်ထုတ်လုပ်ငန်းများအား အရည်အသွေး စံနှုန်းများနှင့်အညီ ပြည်ပစျေးကွက်တွင်   ထိုးဖောက် နေရာယူနိုင်သည်အထိ ထုတ်လုပ် နိုင်ရေး၊       လုပ်ငန်းခွင်များ၌ တွေ့ကြုံနေရသည့်     စိန်ခေါ်မှု ပြဿနာများကို  ကျော်လွှားဖြေရှင်းပေးနိုင်ရေးတို့ကို   ဦးတည် ဆောင်ရွက်ရန်၊ သုတေသနရလဒ် များနှင့် ဆန်းသစ်နည်းပညာများ ကို      သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ၏         လက်ဝယ် အရောက်    ဖြန့်ဝေဆောင်ရွက် ပေးရန်၊  ဌာနများအပြင် MSME လုပ်ငန်းရှင်များနှင့်ပါ    ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း ရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။ 


ထို့နောက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊      ဇီဝ နည်းပညာသုတေသန  ဦးစီးဌာန နှင့် လေ့လာဆန်းစစ်   အကဲဖြတ် ရေးဦးစီးဌာနတို့မှ  ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ်/ ကောလိပ်/ကျောင်းများမှ  ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန် ရှိသူများက  လူ့စွမ်းအားအရင်း အမြစ်မွေးထုတ်မှုများ၊  စီမံကိန်း များတွင်   ပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့်    တိုးတက်မှု၊ နည်းပညာ  လွှဲပြောင်းပေးခဲ့မှုနှင့် လွှဲပြောင်းရန် ဆက်လက်ဆောင် ရွက်နေမှုများကို  ရှင်းလင်းတင်ပြ ကြသည်။


ဆက်လက်၍  ဒေသခံ MSME လုပ်ငန်းရှင်များက   သိရှိလိုသည့် အချက်များကို    မေးမြန်းကြပြီး နည်းပညာ   လိုအပ်ချက်များကို တင်ပြရာ    တာဝန်ရှိသူများက ဖြေကြားရှင်းလင်းကြကာ ဒုတိယ ဝန်ကြီးက       လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍   ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်