နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၃၀


နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌  ကျင်းပသည်။ 


အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့်  ဦးညွန့်အောင်၊  မြန်မာနိုင်ငံ တော်ဗဟိုဘဏ်    ဒုတိယဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေ၊ နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးတပ်ဖွဲ့မှူးတို့     တက်ရောက်ကြ သည်။ 


ဆွေးနွေး


ဆွေးနွေးပွဲတွင် ယခင်အစည်းအဝေးဆုံးဖြတ် ချက်များ၏ ဆောင်ရွက်ပြီးစီးမှု၊ Merchant Acquirer များ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ လက်ရှိဘဏ်စနစ် ဖြင့်  ဆောင်ရွက်နေသော  မိုဘိုင်းဘဏ်လုပ်ငန်း၊ မိုဘိုင်းပေး၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ဆောင်ရွက် နေမှုများ၊ issue များ ဖြေရှင်းနေမှု၊ ငွေပေးချေမှုနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုတို့ကို    အများပြည်သူ ယုံကြည်စိတ်ချစွာ သိရှိသုံးစွဲမှု အလေ့အထကောင်း များရှိလာစေရန်၊ အသုံးပြုသူများအား အကာအကွယ် ပေးနိုင်မည့် အစီအစဉ်များထားရှိရန်၊  အာဆီယံစီးပွား ရေးအသိုက်အမြုံ    ပေါင်းစည်းရေးလုပ်ငန်းစဉ်အရ ငွေပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများ အဆင်သင့်ပြင်ဆင်နိုင်ရန်၊  တရုတ်နိုင်ငံ၊  ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်   ကုန်သွယ်မှုပြုရာ၌    နိုင်ငံသုံး ငွေကြေးအသုံးပြုပေးချေနိုင်ရန်      ဆွေးနွေးကြ သည်။ 


ဆက်လက်၍   အီလက်ထရွန်နစ်ကုန်သွယ်မှု လုပ်ငန်းများတွင် ပစ္စည်းရောက်  ငွေချေစနစ်မှ ဗဟိုဘဏ်မှ  တရားဝင်ခွင့်ပြုထားသည့်  ဘဏ်နှင့် လုပ်ငန်းများဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ အသုံး ပြု၍   ဆောင်ရွက်နိုင်စေရန်   အီလက်ထရွန်နစ် ကုန်သွယ်မှုဆောင်ရွက်ရာတွင်  ဗဟိုဘဏ်၏ခွင့်ပြု ချက်အရ  ဒစ်ဂျစ်တယ်ငွေပေးချေမှု လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ ထို့ပြင်  ပုဂ္ဂလိကကဏ္ဍ သာမက နိုင်ငံပိုင်ကဏ္ဍကပါ ဒစ်ဂျစ်တယ်ငွေပေးချေမှု အသုံးပြု ဆောင်ရွက်မှုအားကောင်းစေရန် နိုင်ငံပိုင် ဘဏ်များ၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း များ၊ အာမခံလုပ်ငန်းများ၊ ရန်ကုန်စတော့အိတ်ချိန်း၊ အကောက်ခွန်နှင့်  ပြည်တွင်းအခွန်များဦးစီးဌာနများ ၏ အစိုးရအခွန်အကောက်  ကောက်ခံခြင်းဆိုင်ရာ လုပ်ငန်းများ၊    လျှပ်စစ်ဓာတ်အားပေးရေးဆိုင်ရာ လုပ်ငန်းများ၌ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် ငွေပေးချေ စာရင်းရှင်းလင်းမှု အားကောင်းခိုင်မာရန်အစီအစဉ် များကို ဆွေးနွေးသည်။ 


ထို့နောက် ဗဟိုဘဏ်မှ ဒစ်ဂျစ်တယ်ငွေပေးချေမှု များအသုံးပြု၍  ဒစ်ဂျစ်တယ်စီးပွားရေးသို့  အသွင် ကူးပြောင်းနိုင်ရေးအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍   ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အသုံးပြုသူများအတွက် အဆင်ပြေလွယ်ကူချောမွေ့ စေရန်နှင့် သက်သာခွင့်များ ဖော်ဆောင်ရန်၊ ဒစ်ဂျစ်တယ် ပေးချေမှုစနစ်အားကောင်းရန်၊  ရေခွန်၊  မီးခွန်၊ လျှပ်စစ်ဓာတ်အားခအစရှိသည့် အစိုးရဌာနအသီးသီး သို့ ပေးချေမှုများကို လွယ်ကူစေရေးအတွက် System တစ်ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊  အီလက်ထရွန်နစ် ကုန်သွယ်ရေးတွင်  ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် ပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ   ခွင့်ပြုချက်ရရှိထားသည့် ငွေပေးချေ ဝန်ဆောင်မှုလုပ်ငန်းများနှင့်   အကောက်ခွန်များ ပေးသွင်းခြင်းကို   ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် အလွယ်တကူပေးဆောင်နိုင်ရေး   ဆောင်ရွက်ရန်၊  အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပါ  လုပ်ငန်းစဉ်များကို  ဧရိယာအလိုက် သက်ဆိုင်သည့်  ဆပ်ကော်မတီများနှင့်  ညှိနှိုင်း အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးကြသည်။ 


သတင်းစဉ်