နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူ
နေပြည်တော် နိုဝင်ဘာ ၁
၂၀၂၂-ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် ပြီး အခြေခံပညာသင်တန်း (၈-တန်း၊ ၉-တန်း၊ ၁၀-တန်း) များ ကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး (၆) ဘာသာ စုစုပေါင်းရမှတ်(၄၂၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ပါကြောင်း သိရသည်။
လျှောက်လွှာများကို ၂၀၂၂-ခုနှစ် နိုဝင်ဘာ၂၅ ရက် နောက်ဆုံး ထား၍ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန Facebook Page နှင့် Website www.moh.gov.mm နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
သတင်းစဉ်



