နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ပေးအပ်

 

နေပြည်တော် နိုဝင်ဘာ  ၁၄


နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်ကို     စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်  အလှူရှင်များက    ဂုဏ်ပြုချီးမြှင့် ငွေများ လာရောက်ဂုဏ်ပြုချီးမြှင့် ပေးအပ်လျက်ရှိသည်။


ထိုသို့     ပေးအပ်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စေတနာရှင် အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို ရန်ကုန်တိုင်းစစ်ဌာန ချုပ်ရှိ      အနော်ရထာခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်းနှင့်   တာဝန်ရှိသူများ၊ စေတနာရှင်       အလှူရှင်များ တက်ရောက်ကြသည်။ 


ဦးစွာ စေတနာရှင် အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ် ရခြင်းနှင့်စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။      ထို့နောက် စေတနာရှင် အလှူရှင် ၂၇ ဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်  စုစုပေါင်း ၅၁၄၈၂၅၃၈၀၀ နှင့်  စားသောက် ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူး(ဝဲပုံ)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်း လွှာများ   ပြန်လည်ပေးအပ်ကာ ကျေးဇူတင်စကား      ပြန်လည် ပြောကြားခဲ့ကြောင်း   သတင်း ရရှိသည်။                    

သတင်းစဉ်