နိုင်ငံတော်ကပို့တဲ့ခရီးစဉ် ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ လည်ပတ်ခွင့်ရတဲ့အတွက် မတူညီတဲ့ အတွေ့အကြုံတွေ၊ နိုင်ငံနှစ်နိုင်ငံအကြားက ကွာခြားမှုတွေ ဗဟုသုတများစွာကို တွေ့ကြုံခံစားခွင့်ရရှိခဲ့ပါတယ်

 

၂၀၂၃-၂၀၂၄  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် နိုင်ငံတော် အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြ​ရာ ကျောင်းသား ကျောင်းသူများ၏ ၀မ်းသားပျော်ရွှင်ဖွယ်ရာ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။


ဒေါက်တာကျော်ဆန်းဝင်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
အခုခရီးစဉ်မှာ    ကျွန်တော်တို့ ဆရာဝန်ကြီးတစ်ဦး    အပါအဝင် အုပ်ချုပ်သူစုစုပေါင်း ၁၀ ဦး  ဖြစ် ပါတယ်။ ကျောင်းသား ကျောင်းသူ တွေကတော့ ဘာသာရပ်အလိုက်  ထူးချွန် Top Ten ဝင်  ၃၀  ဖြစ် ပါတယ်။     ဒီလိုခရီးစဉ်မျိုးတွေ ပို့ပေးတာ အများကြီးဂုဏ်ယူပါ တယ်၊     ဝမ်းလည်းသာပါတယ်။ ကလေးတွေအတွက်    ပိုဂုဏ်ယူ တာပေါ့။    တချို့ဆိုရင်   ဘဝမှာ တစ်ခါမှ မစဉ်းစားဘူးတဲ့ နေရာ တွေ ရောက်ရတယ်။ တည်းရခိုရ တယ်၊      စားရသောက်ရတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့လုပ်ချင်ကိုင်ချင် စိတ်တွေရှိလာတာပေါ့။ ကျွန်တော် ကလည်း ဒီလိုခရီးစဉ်တွေကို အမြဲ တမ်း    နှစ်စဉ်ဖြစ်စေချင်ပါတယ်။  တခြားနိုင်ငံကလူတွေ    ဘာတွေ လုပ်နေတယ်၊ ဘာတွေလုပ်ထားလဲ ဆိုတာ     မြင်တဲ့အတွက်ကြောင့် ငါတို့ဘာကြိုးစားရမလဲ၊     ငါတို့ ဘက်က ဘာတွေလိုသေးလဲ၊ ငါတို့ ဘက်က      ဘာတွေအားသာလဲ နှိုင်းယှဉ်ကြည့်လို            ရတယ်။ တက္ကသိုလ်တွေလည်း သွားလည်တဲ့ အတွက်ကြောင့် တခြားတက္ကသိုလ် က ကျောင်းသား ကျောင်းသူတွေ  သူတို့လိုမျိုး မြန်မာကျောင်းသား  ကျောင်းသူတွေကိုလည်း တွေ့ခဲ့ တဲ့အတွက်   သူတို့   အားကျမှုရှိ တယ်။  အခုလိုနိုင်ငံတော်အစိုးရ အနေနဲ့ ထူးချွန်ကျောင်းသားတွေ ကို      ပြည်ပခရီးစဉ်လေ့လာရေး   ခရီး တွေ       အခမဲ့ပို့ဆောင်ပေးနေတဲ့ အတွက် ၂၀၂၄-၂၀၂၅ Grade 12 ဖြေဆိုမယ့် ကျောင်းသူ ကျောင်း သားတွေအနေနဲ့ အခုလိုပဲထူးချွန် တဲ့       ကလေးတွေဖြစ်အောင် ကြိုးစားကြပါလို့        တိုက်တွန်း ပြောကြားလိုပါတယ်။


မမြတ်သီရိကျော်
အထက(၂)လသာ
၂၀၂၃ - ၂၀၂၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲမှာ  ခြောက်ဘာသာ ဂုဏ်ထူးနဲ့     မြန်မာတစ်နိုင်ငံလုံး      အဆင့် (၆)၊ ရန်ကုန်တိုင်းဒေသ ကြီးမှာ Top 5 ၊ ကျွန်မရဲ့ အမှတ် ပေါင်းကတော့ ၅၄၉ မှတ် ဖြစ်ပါ တယ်။ နိုင်ငံတော်ကပို့တဲ့ ခရီးစဉ်    ထိုင်းနိုင်ငံနဲ့  စင်ကာပူနိုင်ငံတို့မှာ     လည်ပတ်ခွင့်ရတဲ့အတွက် မတူညီ တဲ့အတွေ့အကြုံတွေ၊        နိုင်ငံ နှစ်နိုင်ငံအကြားက ကွာခြားမှုတွေ   ဗဟုသုတများစွာကို တွေ့ကြုံခံစား ခွင့်ရရှိခဲ့ပါတယ်။  ပြည်ပကို  ခရီး ထွက်တဲ့အခါမှာ      လေဆိပ်မှာ ဘယ်လိုမျိုး   ရှောင်ရန်ဆောင်ရန် တွေ၊ ဘယ်လိုပြင်ဆင်သင့်တယ် ဆိုတာတွေကို     သင်ကြားပေးခဲ့ပါ တယ်။  အခုလို  မျိုးသွားခွင့်ရတဲ့ အတွက်ကြောင့်         အတိုင်းမသိ လည်း ဂုဏ်ယူမိသလို အခုလိုမျိုး     သွားခွင့်ရဖို့အတွက် အခွင့်ရေးကို ပေးခဲ့တဲ့     နိုင်ငံတော်အစိုးရကို လည်း ကျေးဇူးအထူးတင်ပါတယ်။ ၂၀၂၄ - ၂၀၂၅ ခုနှစ် Grade 12     ဖြေဆိုကြမယ့်   ညီငယ် ညီမငယ် တွေလည်း အမှတ်ဆိုတာ  ကိုယ် ကြိုးစားရင်  ကြိုးစားသလောက်   ရနိုင်ပါတယ်။ အခုကိုယ်ကြိုးစား သလောက် Top 10 တွေဝင်ခဲ့ကြ တယ်။ အဲဒီအတွက်ကြောင့်လည်း နိုင်ငံတော်အစိုးရက ထိုက်တန်တဲ့ ဆုကြေးငွေတွေရော၊ ထိုက်တန်တဲ့ ဆုတွေရော ပေးအပ်ခဲ့တယ်။ အခု Top 10  ဝင်တဲ့ ဝိဇ္ဇာ၊  သိပ္ပံ၊ ဝိပ္ပံ အတွဲသုံးတွဲက     ထူးချွန်ကျောင်း သား  အယောက် ၃၀  ကိုလည်း ပြည်တွင်း    ပြည်ပခရီးစဉ်တွေ    လည်ပတ်ခွင့်ပေးခဲ့တယ်။ အခုလို အခွင့်အရေးမျိုးကို ရယူချင်တယ် ဆိုရင် ဆက်လက်ကြိုးစားကြပါ၊       လက်မလျှော့ပါနဲ့လို့       ပြောချင် ပါတယ်။


မောင်အောင်ကိုမင်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့
အထက(၅)
ကျွန်တော်က မောင်အောင်ကို မင်းဖြစ်ပါတယ်။ ကချင် ပြည်နယ် ဗန်းမော်မြို့ အထက (၅) က ဝိပ္ပံ တွဲ   မြန်မာတစ်နိုင်ငံလုံး အဆင့် (၆) ၊ အမှတ်ပေါင်းကတော့ ၅၁၅ ဖြစ်ပါတယ်။    အခုလိုခရီးစဉ်က    ကျွန်တော့်ရဲ့ဘဝအတွက် တန်ဖိုး ဖြတ်မရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့     စင်ကာပူနိုင်ငံတွေ  ဘယ်လိုမျိုး          တိုးတက်နေပြီ  ကျွန်တော်တို့နိုင်ငံနဲ့      ဘယ်လို ကွာခြားနေတယ်ဆိုတာ ကျွန်တော် တို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါ တယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း  ပိုပြီး တိုးတက်စေချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာရှိတဲ့     တက္ကသိုလ် တစ်ခုနဲ့ စင်ကာပူနိုင်ငံတက္ကသိုလ် တို့မှာ    လေ့လာခွင့်ရတဲ့အတွက် ကျွန်တော်တို့            နောက်ထပ် လျှောက်လှမ်းရမယ့်     ပညာရေး အတွက်ကိုလည်း      အများကြီး အထောက်အကူ       ပြုပါတယ်။ ၂၀၂၄-၂၀၂၅   ခုနှစ်    Grade 12 ဖြေဆိုကြမယ့်    ညီငယ်ညီမငယ် တွေလည်း  Grade   12    ဆိုတာ သိပ်ခက်ခဲတဲ့ အရာမဟုတ်ပါဘူး၊ ကိုယ်ကြိုးစားရင်     ကြိုးစား သလောက်ရနိုင်တာမို့     သေသေ ချာချာ         ကြိုးစားပြင်ဆင်ပြီး အခုလို   အောင်မြင်မှုတွေ   ရနိုင် ပါစေလို့      ဆုတောင်းပေး ပါတယ်။ အခုလို ပို့ဆောင်ပေးတဲ့ အတွက် နိုင်ငံတော်က  တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးကို     အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။


မသက်မြတ်စံ
မန္တလေးတိုင်းဒေသကြီး
ကျွန်မ  နာမည်က  မသက် မြတ်စံပါ။        မြန်မာတစ်နိုင်ငံ လုံး အဆင့် (၅) ရရှိခဲ့လို့ ဒီခရီးစဉ် မှာ     ပါဝင်ခဲ့ပါတယ်။    ဒီခရီး  စဉ်မှာ     ဗဟုသုတ    အများကြီး ရပါတယ်။     သူများနိုင်ငံတွေမှာ     ဘယ်လို        တိုးတက်နေပြီလဲ၊ ဘာတွေအတုယူရမလဲ     အများ ကြီးသင်ယူရရှိပါတယ်။     အခု ကျွန်မတို့  ထူးချွန်စွာအောင်မြင် ခဲ့တဲ့  ကျောင်းသား  ကျောင်းသူ  ၃၀    ကို    ဗဟုသုတ    အများကြီး ရအောင်     အခုလို   နိုင်ငံခြား ခရီးစဉ် ပို့ဆောင်ပေးတဲ့အတွက်     နိုင်ငံတော်ကို     ကျေးဇူးတင်ပါ တယ်။


မဝင်းလဲ့တွယ်တာ
စစ်ကိုင်းတိုင်းဒေသကြီး
ကန့်ဘလူခရိုင်
အထက(ကျွန်းလှ)
ကျွန်မက မဝင်းလဲ့တွယ်တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး    ကန့်ဘလူခရိုင်    အထက (ကျွန်းလှ) ကနေ  ဝိဇ္ဇာဘာသာတွဲ     မြန်မာတစ်နိုင်ငံလုံး  အဆင့် (၁)   ရရှိသူ   ဖြစ်ပါတယ်။   အခုပြည်ပ အတွေ့အကြုံကတော့  ပထမဦး ဆုံးဖြစ်ပါတယ်။ ပြည်ပကိုသွားခဲ့ ရတဲ့အတွက်လည်း အတွေ့အကြုံ အများကြီး ရရှိပါတယ်။  ဒေသန္တရ   ဗဟုသုတတွေလည်း      ရရှိခဲ့ပါ တယ်။         မြန်မာတစ်နိုင်ငံလုံး  အဆင့်   (၁)    ရရှိဖို့ဆိုရင်တော့ တစ်နှစ်ပတ်လုံး တစိုက်မတ်မတ်  အာရုံစူးစိုက်ပြီးတော့   ဇွဲလည်း လုံးဝမလျှော့ပါနဲ့၊ ကိုယ်ရည်မှန်း ထားတဲ့        ပန်းတိုင်ကိုရအောင် ကြိုးစားသွားမယ်ဆိုရင် ရရှိနိုင်မှာ ဖြစ်ပါတယ်။     အခုလိုမျိုး  သမီး တို့ကို ပြည်ပနိုင်ငံတွေကို  လေ့လာ ရေးခရီးစဉ်  သွားရောက်ဖို့အတွက် ဆောင်ရွက်ပေးတဲ့      နိုင်ငံတော် အကြီးအကဲအားလုံးကို     ဒီကနေ ကျေးဇူးတင်ရှိပါတယ်လို့ ပြောချင် ပါတယ်။


အင်တာဗျူး - ကျော်ကြီး
ဓာတ်ပုံ - မောင်သီ